Videos
ငါးစက်ရုပ်
ဟန်ကျိုး၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ကျဲ့ကျန်းတက္ကသိုလ်ရှိ သိပ္ပံပညာရှင်များက မော်တာများမပါ ဘဲ လျင်မြန်စွာ သွားလာနိုင်သော နူးညံ့ပျော့ပျောင်းသည့် ငါးစက်ရုပ်တစ်မျိုးကို တီထွင်ခဲ့ကြသည်။ အဆိုပါ စက်ရုပ်ကို ရေအောက်ရှိ အပူချိန်၊ ပင်လယ်ရေငံနှုန်း နှင့် ရေထုညစ်ညမ်းမှုတို့ကို ထောက်လှမ်းရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ကြောက်း ကျဲ့ကျန်းတက္ကသိုလ်မှ တွဲဖက် ပါမောက္ခ Li Tiefeng က ဆိုသည်။ ၉.၃ စင်တီမီတာ ရှိသည့် အဆိုပါငါးစက်ရုပ်မှာ ၉ဝ ဂရမ်အလေးချိန်ရှိပြီး လျှပ်စစ်ထိန်းချုပ်စက် ကို ကျောရိုးတွင်တပ်ဆင်ပေးထားသည်။ ငါး၏ ရေယက်များ၊ ကိုယ်ထည်နှင့် အမြီးတို့ကို ဆီလီကွန်ဖြင့် ပြုလုပ်ထားသည်။ ဘက်ထရီအသေး ထည့်ထားသည့်နေရာနှင့် သံလိုက်လျှပ်စစ် ၂ ခုတို့မှ လွဲ၍ ကိုယ်ထည်တစ်ခုလုံးကို အပြင်ဘက်မှ မြင်နိုင်အောင်တီထွင် ထားသည်။ ထိုသို့ ပျော့ပျောင်းပြီး ထင်သာမြင်သာရှိအောင် ကိုယ်ထည်ကို တည်ဆောက်ထားခြင်းဖြင့် ငါးစက်ရုပ်လေးမှာ ကျဉ်းမြောင်းသော သန္တာကျောက်တန်းများကြားထဲတွင် တိတ်တဆိတ်ဖြတ်သန်း ရန်လွယ်ကူစေမည်ဖြစ်ပြီး အခြားသော ပင်လယ်နေသတ္တဝါများ၏ ဖျက်ဆီးမှု(သို့မဟုတ်)ထောက်လှမ်းမှုများကိုလည်းခံရနိုင်မည်မဟုတ်ဟု၎င်းကဆိုသည်။ ငါးစက်ရုပ်တွင် အသုံးပြုထားသည့် ပစ္စည်းများ မှာ ပေါများပြီး ဈေးချိုကာ သဘာဝပတ်ဝန်းကျင် နှင့်လည်း သဟဇာတဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံပြည်တွင်း၌ပင် များစွာ ထုပ်လုပ်နိုင်သည်။ ထို့ကြောင့် ငါးတွင် ထည့်သွင်းထားသည့် ကြွက်သားတုကို ပိုမို ကောင်းမွန်စေရန်နှင့် ထို ငါးစက်ရုပ်အား ဈေးကွက်တွင် ရောင်းချနိုင်ရန်အတွက် နည်းပညာများကို ဆက်လက် တိုးမြှင့် လုပ်ဆောင်သွားမည် ဟု လီက ပြောသည်။ (Xinhua)