Connect with us

Videos

စက္ကန့် ၂ဝအတွင်း မျက်နှာဖုံး ၁ဝခု ပြောင်းလဲ ကပြ

စီချွမ်၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ် ပြဇာတ်တစ်ခု တွင် ဖျော်ဖြေတင်ဆက်သူမှာ စက္ကန့် ၂ဝအတွင်း မျက်နှာဖုံး ၁ဝခုကို အသုံးပြုကာ မျက်နှာပြောင်းလဲခြင်းအနုပညာဖြင့် ပရိသတ်၏ အာရုံကို ညှို့ယူ ဖမ်းယူနိုင်ခဲ့သည်။ လက်ဖြင့် ဝှေ့ယမ်းခြင်းနှင့် ခန္ဓာကို တစ်ပတ်လှည့်ခြင်းတို့ပြီးနောက် မျက်နှာဖုံးမှာ နောက်တစ်ခုပြောင်းသွားခြင်းဖြစ်သည်။ ဖျော်ဖြေသူများမှာ မျက်နှာ တစ်ပြင်လုံးကို ဖုံးလွှမ်းအောင်ခြယ်သထားသည့် မျက်နှာဖုံးများကိုအသုံးပြုထားသည်။ မျက်နှာဖုံး အရောင်အမျိုးမျိုးဖြင့် ဇာတ်ကောင်၏ သွင်ပြင်ကို သရုပ်ဖော်ထားခြင်းဖြစ်သည်။ ကျွမ်းကျင်သည့် အော်ပရာ အနုပညာရှင်တစ်ဦးအနေဖြင့် ထိုသို့ မျက်နှာဖုံး ၁ဝ ခု ကို အချိန် စက္ကန့် ၂ဝ အတွင်း တစ်ခုပြီးတစ်ခု ပြောင်းလဲကပြနိုင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.