Videos
စကြာဝဠာရှိ အသံများကို နားစွင့်နိုင်မည့် ကမ္ဘာ့အကြီးဆုံးရေဒီယိုတယ်လီစကုတ်
ကွေ့ကျိုး၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ် ပင်းတန်စီရင်စုတွင် FAST ဟုအတိုကောက်ခေါ်ဝေါ်သည့် ကမ္ဘာ့အကြီးဆုံးရေဒီယိုတယ်လီစကုတ် ကို အသုံးပြုကာ စကြာဝဠာရှိ အသံများကို နားစွင့်လျက်ရှိသည်။ သဘာဝအတိုင်း ပန်းကန်လုံးပုံ ဖြစ်ပေါ်နေသည့် တောင်ကြား၌ ဘောလုံးကွင်း ၃၀ စာ အကျယ် အဝန်း ရှိသည့် နေရာတွင် ၂၀၁၁ ခုနှစ် မတ်လတွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းကို စမ်းသပ်အသုံးပြုခဲ့သည့် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ မှစတင်ကာ ယနေ့အထိ ကြယ်အစုအဝေးပေါင်း ၄၄ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။ စကြာဝဠာရှိ အသံများကိုနားစွင့်နိုင်ရန် သတ္တုပြား ၄၄၅ဝ ပြားကို တပ်ဆင်ထားပြီး အာကာသအတွင်းရှိ အရာဝတ္တုများကို ခြေရာခံ စူးစမ်းနိုင်စေရန် စီစဉ်ဆောင်ရွက်ထားသည်။ ကမ္ဘာ့အကြီးဆုံးရေဒီယိုတယ်လီစကုတ် ဖြင့် လက်ရှိရှာဖွေတွေ့ရှိမှုများမှာ ကနဦးတွေ့ရှိချက်များသာဖြစ်ပြီး ပိုမိုကြီးကျယ်သည့်တွေ့ရှိချက်များကို မကြာမီတွေ့ရှိနိုင်မည်ဟုမျှော်လင့်ထားကြောင်းသိရသည်။ (Xinhua)