Videos
စီချွမ်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် လူ၃ ဦးသေဆုံး
ချိန်တူး၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းစီချွမ်းပြည်နယ် လုရှန်းစီရင်စု ရှိ လွီကျိုးမြို့တွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် လူ ၃ ဦးသေဆုံးပြီး အခြား ၆၀ ဦး အား ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။ဆေးရုံသို့ရောက်ရှိလာသူများထဲတွင် လူ ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း လွီကျိုးမြို့ အရေးပေါ် စီမံခန့်ခွဲရေး ဗြူရိုက ဆိုသည်။
တရုတ်နိုင်ငံ ငလျင်ဘေး ဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့က ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ဆောင်ရန် အခင်းဖြစ်ပွားရာသို့အဖွဲ့တစ်ဖွဲ့အားစေလွှတ်ခဲ့သည်။ ကွန်မန်ဒိုတပ်သားများနှင့်တပ်ဖွဲ့ဝင်ပေါင်း ၈၉၀ ဦးအား အနီးတွင်မီးလောင်ကျွမ်းမှုများနှင့်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်စေလွှတ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်သားပေါင်း ၄,၆၀၀ ဦးကိုမူ အသင့်အနေအထားဖြင့် စီစဉ်ထားကြောင်း ဆိုသည်။
မနက် ၈ နာရီ မိနစ် ၃၀ တွင် ထိခိုက်ပျက်စီးမှုစာရင်းထွက်ပေါ်လာပြီးနောက် အိမ်ခြေပေါင်း ၇၃၇ လုံးပျက်စီးခဲ့သည်။ ကျန် အိမ် ၇၂ လုံးမှာ အခြေအနေဆိုးဝါးစွာ ပျက်ဆီးခဲ့ ပြီး ထိခိုက်မှု သက်ရောက်ခဲ့သည့် အိမ်ခြေစုစုပေါင်းမှာ ၇,၂၉၀လုံး ရှိကြောင်းသိရသည်။
ငလျင်ဗဟိုချက်ဖြစ်သည့် ကျားမင်းမြို့နယ်တွင် နံရံများနှင့်အိမ်အဆောက်အဦများဆိုးဝါးစွာပျက်စီးခဲ့သည်။ မြို့အတွင်းရှိ အိမ်အများစုတွင် မီးများပြတ်တောက်ခဲ့သည်။ ငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဆိုင်ခန်းများလည်းပျက်စီးပြီးလမ်းများပေါ်တွင် ဖရိုဖရဲဖြစ်ကုန်ကြသည်။ ဒေသခံများသည် ရှုပ်ပွနေသော မြင်ကွင်းများအား ရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြသည်။
ဖူဂျီမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းစဉ် ကယ်ဆယ်ရေးလုပ်ဆောင်ကြသူများမှာ ပျက်ဆီးနေသည့်အိမ်များသို့တစ်အိမ်တက်ဆင်း လိုက်လံကာ အသက်ရှင်ကျန်သူများအားရှာဖွေပြီးနောက် ယာယီအမိုးအကာများထံပို့ဆောင်ခဲ့သည်။ ယာယီအမိုးအကာများတွင် ကယ်ဆယ်ရေးသမားများက ငလျင်ဘေးသင့်ပြည်သူများကို လမုန့်များနှင့်အခြားစားသောက်ဖွယ်ရာများအားဖြန့်ဖြူးဝေငှခဲ့သည်။
ဖူဂျီမြို့နယ်နေ Lai Jianrong ဆိုသူက ဆင်ဟွာ သတင်းဌာနအား ပြောကြားရာတွင် သူ (မ) သည် မနက် ၄ နာရီတွင် ငလျင်ငယ်တစ်ခုလှုပ်ခတ်ခဲ့သည်ကို ခံစားသိရှိပြီးနောက် ငလျင်ပိုမိုပြင်းထန်ချိန်တွင် ညအိပ်ဝတ်စုံဖြင့်ပင် ခြေဗလာဖြင့်ထွက်ပြေးလာခဲ့ကြောင်းဆိုသည်။
“နံရံက အုတ်ခဲတွေလည်းပြိုကျလာတာ ကျွန်မအဲဒီအထဲကို ထပ်ပြီး မသွားရဲတော့ဘူး” ဟု သူက ဆိုသည်။ Lai ကို မနက်ခင်းတွင်ယာယီ အမိုးအကာများထံရွှေ့ပြောင်းပေးခဲ့သည်။
ငလျင်ဘေးသင့်ပြည်သူပေါင်း ၆,၉၀၀ ကျော်အား နေရာရွှေ့ပြောင်းပေးခဲ့ရပြီး လူပေါင်း ၁၀,၀၀၀ ဦးအား ကြာသပတေးနေ့ မနက်အစောပိုင်းတွင် ယာယီအမိုးအကာများရှိရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသအစိုးရက ဆိုသည်။
တရုတ်နိုင်ငံ ငလျင်ကွန်ရက်များစင်တာ ၏ အဆိုအရ ငလျင်မှာ မနက် ၄ နာရီ ၃၃ မိနစ်တွင် လှုပ်ခတ်ခဲ့ကြောင်းဆိုသည်။ ငလျင်ဗဟိုချက်မှာ မြောက်လတ္တီကျု ၂၉.၂ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၀၅.၃၄ ဒီဂရီတွင် လှုပ်ခတ်ခဲ့ကြောင်းနှင့် ငလျင်အနက်မှာ ၁၀ ကီလိုမီတာ အထိရှိကြောင်းသိရသည်။
ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် စီချွမ်းမြို့ ငလျင်ဘေးကယ်ဆယ်ရေး ရုံးချုပ်က ငလျင်အား အရေးပေါ်အဆင့် ၂ အဖြစ်သတ်မှတ်ခဲ့သည်။ ၎င်းမှာ တရုတ်နိုင်ငံ၏ အဆင့် ၄ဆင့်မြောက် ငလျင်ဘေးအရေးပေါ်တုန့်ပြန်ရေး စနစ်တွင် ဒုတိယအမြင့်ဆုံးအဆင့်သတ်မှတ်ခြင်းဖြစ်သည်။
ငလျင်ကြောင့်တယ်လီဖုန်းဆက်သွယ်ရေးအခြေစိုက်စခန်းအချို့နှင့်မြေအောက်ကေဘယ်လ်ကြိုးများလည်း
ပျက်စီးခဲ့ရသည်။ လွီကျိုးမြို့ရှိ အမြန်ရထားလမ်းဘူတာများလည်း ပိတ်ပစ်ခဲ့ရကြောင်း ရထားပို့ဆောင်ရေး အာဏာပိုင်များကဆိုသည်။ကျောက်မီးသွေးတွင်းများအားလုံးကိုလည်း မြေအောက်တူးဖော်ရေးလုပ်ငန်းများကို ရပ်ဆိုင်းရန် အမိန့်ချမှတ်ခဲ့ပြီး မိုင်းလုပ်သာများကိုလည်း အသုတ်အလိုက် ရွှေ့ပြောင်းပေးခဲ့သည်။
စီချွမ်းငလျင်ဘေး စီမံအုပ်ချုပ်ရေးဆိုင်ရာ ဒုတိယ အကြီးအကဲ ဖြစ်သူ ကျန်းကျိဝေ က ငလျင်သည် ပြည်နယ်အတွင်းရှိ ဝန်ချွမ်းငလျင်နှင့်လွီရှန်းငလျင်ကဲ့သို့ ပျက်စီးဆုံးရှုံးမှုဖြစ်စဉ် နှင့်မတူကြောင်း၊ ယခုငလျင်မှာဟွေ့ယန်တောင်၏ တောင်ကြားဒေသ fracture zoneတွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
ကျွမ်းကျင်သူများ၏ လေ့လာသုံးသပ်မှုများအရ ထိုဒေသတွင် ပြင်းထန်သည့်ငလျင်များလှုပ်ခတ်နိုင်ခြေမရှိဟုဆိုသော်လည်း နောက်ဆက်တွဲငလျင်ကြီးများလှုပ်ခတ်နိုင်ခြေရှိနေဆဲဖြစ်ကြောင်းဆိုသည်။ (Xinhua)
……………………….
(English Version)
GLOBALink | 3 dead, 60 injured in 6.0-magnitude Sichuan earthquake
CHENGDU, Sept. 16 (Xinhua) — Three people were confirmed dead and 60 others were sent to hospital after a 6.0-magnitude earthquake jolted Luxian County of Luzhou City, southwest China’s Sichuan Province.
Among those hospitalized, three were seriously injured, according to the city’s emergency management bureau.
China Earthquake Administration has dispatched a work team to guide on-site disaster relief work. A total of 890 commanders and fighters from nearby fire-fighting and rescue brigades have been mobilized, while another 4,600 rescue workers are on standby.
As of 8:30 a.m., the loss figures came in at — 737 collapsed houses, 72 houses with serious damage, while 7,290 with damage to some extent.
Collapsed walls and houses were seen on the way to rain-battered Jiaming Township in the epicenter area. Electricity in most of the houses in the town has been suspended. Shelves of shops that fell off in the tremors, lay scattered along the street. Residents were seen cleaning up the cluttered scene.
Amid heavy rain in Fuji Township, rescue workers were going door to door searching for people in the damaged houses and moving them to temporary shelters. At the shelter, workers were distributing mooncakes and other food items to the affected people.
Lai Jianrong, a Fuji local, told Xinhua reporters that she experienced a mild tremor around 4 a.m., and ran out barefoot in her nightgown when the tremors became intense.
“Some bricks fell off the wall and I didn’t dare to go in again,” she said. She was moved to the temporary shelter in the morning.
More than 6,900 affected residents have been relocated, and over 10,000 people have been shifted to temporary shelters as of early Thursday morning, according to the local government.
According to the China Earthquake Networks Center, the earthquake occurred at 4:33 a.m. The epicenter was monitored at 29.2 degrees north latitude and 105.34 degrees east longitude. The quake struck at a depth of 10 km.
Approved by the provincial government, the earthquake relief headquarters of Sichuan has activated a level-II response, the second highest in China’s four-tier earthquake emergency response system.
Some telecommunication base stations and cables were damaged.
The Luzhou high-speed railway station has been closed, according to railway authorities.
All coal mines have been ordered to halt underground operations and evacuate miners in shafts.
Zhang Zhiwei, deputy head of the Sichuan earthquake administration, said the quake, unlike the devastating Wenchuan Earthquake and Lushan Earthquake in the province, happened in the fracture zone of Huaying Mountain.
An expert analysis concluded that a more serious earthquake is unlikely in the area, but aftershocks may occur.
Produced by Xinhua Global Service