Connect with us

Videos

စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကို ဘလောက်တုံးများအဖြစ်ပြောင်းလဲကာ အိမ်ဆောက်

ကိုလံဘီယာ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
ကိုလံဘီယာ ဗိသုကာပညာရှင် အော်စကာမန်ဒန်ဆိုသူသည် စွန့်ပစ် ပလတ်စတစ်ပစ္စည်းများကို အသုံးပြုကာ ဘလောက်တုံးများ၊ ကုဗတုံးများအဖြစ်အသွင်ပြောင်းကာ အိမ်တစ်လုံးကိုဆောက်လုပ်ခဲ့ကြောင်းသိရသည်။
Oscar Mendez, CEO Concepts Plastics
ကျွန်တော်တို့ဟာ ဈေးကွက်မရှိတဲ့ ပလတ်စတစ်တွေကို စီးပွားရေးအရ တွက်ချေကိုက်အောင် တန်ဖိုးမြှင့်ပေး လိုက်တာပါ။ အခု ပလတ်စတစ်တွေက မသန့်ရှင်းတဲ့ပလတ်စတစ်တွေပါ ဒါပေမယ့် အဲဒါတွေကို ပြန်လည် သန့်စင်ပြီး ဈေးကွက်တစ်ခုကိုဖော်ဆောင်ပေးတာပါ။
အဆိုပါ အကြံဉာဏ်ကို ဂီတပညာရှင် ဖာနန်ဒို ဆီကနေ ရရှိခဲ့ခြင်းဖြစ်ကြောင်းအော်စကာက ဆိုသည်။ ၎င်းသည် ပလတ်စတစ်အမျိုးအစားအမျိုးမျိုးကို အသုံးပြုပြီး အုတ်အဖြစ် အဆင့်ဆင့် ပြုလုပ်နိုင်အောင်နှစ်ပေါင်းများစွာလေ့လာခဲ့သည်။
တီထွင်မှုကို ထောင်ပေါင်းများစွာသော အိမ်ခြေမဲ့များအတွက် အကျိုးရှိစေရန် စတင်ခဲ့သည်။ စီးပွားရေးကဏ္ဍ၊ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ နှင့် လူမှုရေးရာကဏ္ဍများအတွက်ပါ ပိုမိုကောင်းမွန်သည့် စတင်မှုလည်းဖြစ်သည်။
ထိုသို့ တွင်ကျယ်စွာအသုံးပြုနိုင်လာပါက ကိုလံဘီယာနိုင်ငံအနေဖြင့်လည်းစွန့်ပစ် ပလတ်စတစ်ပစ္စည်းများ ထွက်ရှိမှုကို လျှော့ချနိုင်မည်ဖြစ်သည်ဟု မျှော်လင့်ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.