Connect with us

Videos

မြန်မာနိုင်ငံကို အာရှဖွ့ံ့ဖြိုးရေးဘဏ် မှ အမေရိကန်ဒေါ်လာ သန်း ၃၅၀ တိုးမြှင့် ထောက်ပံ့မည်

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံကို အာရှဖွ့ံ့ဖြိုးရေးဘဏ် (ADB) မှ ၂၀၁၇ ခုနှစ်မှ စ၍ အမေရိကန် ဒေါ်လာ သန်း ၃၅၀ တိုးမြှင့် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ADB ဘဏ်ဥက္ကဋ္ဌ Takehiko Nakao က ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါ တိုးမြှင့်ပေးမည့် ထောက်ပံ့ငွေများကို လျှပ်စစ်ကဏ္ဍ၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်မှ စ၍ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့်မှ အမေရိကန်ဒေါ်လာ သန်း ၃၅၀ သို့ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ADB ဘဏ် ဥက္ကဋ္ဌ Takehiko Nakao က ပြောသည်။
မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ဖြင့် အာရှဖွ့ံ့ဖြိုးရေးဘဏ် (ADB) ဥက္ကဋ္ဌ Takehiko Nakao တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံ၌ လက်ရှိ ဆောင်ရွက်နေသည့် လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ နောင်အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်မည့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.