Connect with us

Videos

ဆက်သွယ်ရေး ဂြိုဟ်တု ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကလွှတ်တင်

စီချွမ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် မိုဘိုင်း ဆက်သွယ်ရေးအတွက် ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုအား သြဂုတ်လ ၆ ရက် နံနက် အစောပိုင်း က အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တု Tiantong-01 အား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးချန်း ဂြိုဟ်တု လွှတ်တင်ရေး စင်တာ၌ ဒေသစံတော်ချိန် နံနက် ၀၀း၂၂ နာရီ အချိန်တွင် ဂြိုဟ်တု သယ်ဆောင်ရေး ဒုံးပျံ Long March-3B ဖြင့် လွှတ်တင်ခဲ့သည်။
Tiantong-01 အား တရုတ်နိုင်ငံ အာကာသ နည်းပညာ တက္ကသိုလ်က ဒီဇိုင်း ရေးဆွဲထားပြီး မြေပြင် လုပ်ငန်း များအား China Telecom က လုပ်ဆောင်မည် ဖြစ်သည်။ Tiantong-01 သည် မြေပြင်မှ အထောက်အပံံ့များ နှင့် ပူးပေါင်းကာ တရုတ်၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အခြား ဒေသများအတွက် မိုဘိုင်း ကွန်ရက် တစ်ခု ထူထောင်ကာ ဝန်ဆောင်မှုများပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.