Videos
ဆင်ဟွာကုန်းကျော်တံတားတစ်စင်းကို မြေတူးစက် ၂ဝဝကျော်ဖြင့် ၈နာရီအချိန်ယူကာဖြိုချ
နန်ချန်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်းနန်ချန်းပြည်နယ်တွင် ကုန်းကျော်တံတားတစ်စင်းကိုဖြိုချဖျက်ဆီးရန်အတွက် မြေတူးစက်ပေါင်း ၂ဝဝ ဖြင့် ညလုံးပေါက် ဆောင်ရွက်ခဲ့ကြသည်။ ၈နာရီကြာအချိန်ယူကာ အဆိုပါ ကုန်းကျော်တံတားကိုဖြိုဖျက်ခဲ့ခြင်းလည်းဖြစ်သည်။ ၅၈၉ မီတာအရှည်ရှိသည့် longwangmiao ကုန်းကျော်တံတားမှာ လေးလမ်းသွားတံတားအမျိုးအစားဖြစ်ပြီး ၁၉၉၂ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။ ၆လမ်းသွားတံတားတစ်စင်းအစားထိုးတည်ဆောက်ရန်အတွက် ထိုသို့ဖြိုချခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)