Videos
ဆီရီယာလီယွန်တွင် အီဘိုလာ ရောဂါပိုးတွေ့ရှိ
ဆီရီယာလီယွန်၊ ဇန်နဝါရီလ(၁၆) ရက် (ဆင်ဟွာ)
အနောက်အာဖရိကတွင် အီဘိုလာရောဂါ ကင်းစင်ပြီဖြစ်ကြောင်း WHO မှ ကြေညာချက် ထုတ်ပြန်ပြီး နောက်တစ်နေ့ တွင် ဆီရီယာလီယွန်နိုင်ငံ၌ အီဘိုလာရောဂါ ပိုးကို တွေ့ရှိခဲ့ကြောင်းသိရသည်။ အီဘိုလာရောဂါ ဖြစ်ပွားခဲ့သူ အမျိုးသမီး မှာ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် သေဆုံးခဲ့ကြောင်း WHO ၏ ပြောရေးဆိုခွင့် ရှိသူ က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင်ပြောကြားခဲ့သည်။ ထိုသို့ဖြစ်ပွားခဲ့ပြီး နောက် WHO မှ အီဘိုလာ ရောဂါ ကာကွယ် တားဆီး ရေး ဆိုင်ရာ အစီအမံများအား တဖန်ပြန်လည် ဆောင်ရွက် နေပြီဖြစ်သည်။ အီဘိုလာ ကူးစက်မှုအခြေအနေမှာ သိသာစွာပြောင်းလဲမှုမရှိကြောင်း အထူးသဖြင့် ကင်ညာ၊ လိုက်ဘေးရီးယားနှင့် ဆီရီယာလီယွန် နိုင်ငံတို့တွင် အီဘိုလာ ရောဂါ ရုတ်တရက် ဖြစ်ပွား လာဖွယ်ရှိသည့် အခြေအနေတွင် ရှိနေသေးကြောင်း၊ ရောဂါ ကုသ ပျောက်ကင်း ခဲ့ သူများ တွင်လည်း အီဘိုလာရောဂါ ပြန်လည် ခံစားရနိုင်ဖွယ်ရှိကြောင်း WHO မှ သတင်း ထုတ်ပြန် သည်။ WHO နှင့် အခြား စေတနာ့ဝန်ထမ်းအဖွဲ့များမှ လည်း နိုင်ငံ အတွင်း အီဘိုလာရောဂါ ဆက်လက် ပြန့်ပွားမှု မရှိ အောင် ဆောင်ရွက်လျက်ရှိ သည်။ ထို့အပြင် ရုရှားနိုင်ငံမှလည်း အီဘိုလာ ရောဂါပိုး နိုင်ငံသို့ ဝင်ရောက်လာခြင်း မရှိစေရန် ကာကွယ်တားဆီးမှုအစီအရင်များ ဆောင်ရွက် နေသကဲ့သို့ ကာကွယ်ဆေးများအား တိုးမြှင့်ထုတ်လုပ်နေကြောင်းသိရသည်။ ရုရှား ကျန်းမာရေး ဝန်ကြီး ဋ္ဌာန မှလည်း အီဘိုလာ ရောဂါ တားဆီးရေးလုပ်ငန်းသည် အဓိကကျသော လုပ်ငန်း တစ်ခု ဖြစ်ကြောင်း၊ ရုရှား ဆေးဝါးသုတေသီများမှ လူနာ၏ ကိုယ်ခံအား အခြေအနေ အပေါ်မူတည်၍ အီဘိုလာ ကာကွယ်ဆေး အမျိုးအစား(၂) မျိုး အား တီထွင် ထုတ်လုပ် လျက်ရှိကြောင်း ပြောခဲ့သည်။ (Xinhua)