Videos
ဇွန်လ ကျောက်မျက်ရောင်းပွဲ ကျပ် သန်း ခြောက်သောင်းကျော်ဖိုး ရောင်းရ
နေပြည်တော်၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)
၂၀၁၉ ဇွန်လ ၈ ရက်မှ ၁၃ရက်နေ့အထိ ကျင်းပခဲ့သည့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျပ်သန်းပေါင်း ခြောက်သောင်းကျော်ဖိုး ရောင်းခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။
နေပြည်တော်တွင် ကျင်းပခဲ့သည့် မြန်မာကျပ်ငွေဖြင့် ရောင်းချသော ကျောက်မျက် ကျောက်စိမ်း အရောင်းပွဲများ၏ ရှစ်ကြိမ်မြောက် ပွဲဖြစ်သည့် ယခု ကျောက်မျက်ကျောက်စိမ်း ရောင်းချပွဲသို့ ကျောက်မျက် ကျောက်စိမ်း ကုန်သည် စုစုပေါင်း ၂၀၁၀ ဦး တက်ရောက်ခဲ့ကြပြီး ပြီးခဲ့သည့် ၂၀၁၈ နိုဝင် ဘာလတွင် ပြုလုပ်ခဲ့သော မြန်မာကျပ်ငွေဖြင့် ရောင်းချ ပွဲတွင် တက်ရောက်ခဲ့သည့် ရတနာ ကုန်သည် ဦးရေ ထက် ပိုများကြောင်း၊ ယခုပွဲ၌ တင်ပြသည့် ရတနာအတွဲမှာ ယခင်ပွဲထက် လျော့ နည်းသော်လည်း ရောင်းရငွေ ပမာဏ ပိုများခဲ့ကြောင်းနှင့် ပြည်တွင်း ပြည်ပ ရတနာကုန်သည်များအတွက် ယူရိုငွေဖြင့် ရောင်းချမည့် ပွဲကို လာမည့် စက်တင်ဘာ ဒုတိယပတ်၌ ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။(Xinhua)