Videos
တစ်နှစ်လျှင် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီပေါင်း ၆၂ ဘီလီယံကျော် ထုတ်လုပ်ပေးနိုင်မည့် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းကြီး
ယူနန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင်တည်ရှိသည့် ဘိုင်ဟော့ထန်း ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများသည် ချောမွေ့စွာ ဆက်လက် လုပ်ကိုင်လျက်ရှိသည်။
အဆိုပါ စီမံကိန်း တွင် တပ်ဆင်မည့် ယူနစ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် လျှပ်စစ်ဓါတ်အား ကီလိုဝပ်သန်းပေါင်း များစွာကို ထုတ်ပေးနိုင်မည့် ရိုတာကြီးတစ်ခုကို အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့သည်။
ယခုတပ်ဆင်သည့် ရိုတာကြီးသည် ဘိုင်ဟော့ထန်းရေအားလျှပ်စစ်စီမံကိန်းတွင် ဒုတိယမြောက်တပ်ဆင်သည့် ရိုတာကြီးတစ်ခုဖြစ်သည်။
ဘိုင်ဟော့ထန်းရေအားလျှပ်စစ်စီမံကိန်းတွင် ပြည်တွင်းဖြစ် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီသန်းပေါင်းများစွာ ထုတ်လုပ်ပေးနိုင်မည့် ယူနစ် စုစုပေါင်း ၁၆ ခုပါဝင်မည် ဟုသိရသည်။
ယခုစီမံကိန်းသည် တရုတ်နိုင်ငံ ဟူပေပြည်နယ် ရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာစီမံကိန်းပြီးနောက် ဒုတိယမြောက် အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းကြီးတစ်ခုလည်းဖြစ်သည်။
ဘိုင်ဟော့ထန်း ရေအားလျှပ်စစ်စီမံကိန်း ၏ ပထမအသုတ်အဖြစ် ရေအားလျှပ်စစ်ထုတ်ယူရရှိနိုင်မှု ကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် စတင်နိုင်ရန် မျှော်မှန်းထားသည်။
၎င်းရေအားလျှပ်စစ်စီမံကိန်းကြီးမှ တစ်နှစ်လျှင် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီပေါင်း ၆၂ ဘီလီယံကျော်အထိ ထုတ်လုပ်ပေးနိုင်ရန်လျာထားကြောင်းသိရသည်။ (Xinhua)