Videos
တစ်မိနစ်အတွင်း နှာခေါင်းစည်း အခု ၁၀၀၀ ထုတ်လုပ်နိုင်သည့် နောက်ဆုံးပေါ် နှာခေါင်းစည်းထုတ်လုပ်ရေးစက်
ကွမ်ကျိုး၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်းကွမ်ကျိုးမြို့တွင် စက်မှုလုပ်ငန်းပြပွဲတစ်ခု၌ တရုတ်ကုမ္ပဏီတစ်ခုက အချိန် တစ်မိနစ်အတွင်း နှာခေါင်းစည်း အခု ၁၀၀၀ အထိ ထုတ်လုပ်နိုင်သည့် နောက်ဆုံးပေါ် နှာခေါင်းစည်းထုတ်လုပ်ရေးစက်ကို ထုတ်လုပ်ပြသခဲ့သည်။
ကွမ်ကျိုးရှင်းရှီ ထုတ်လုပ်ရေးကုမ္ပဏီမှ ဒုတိယအထွေထွေမန်နေဂျာ လင်းကျိဝေဆိုသူက “ ဒီစက်ကို ကျွန်တော်တို့ ကုမ္ပဏီက အလုံးစုံထုတ်လုပ်ခဲ့တာပါ ဒီစက်ကတစ်မိနစ်ကို နှာခေါင်းစည်း အခုရေပေါင်း ၁၀၀၀ အထိ ထုတ်လုပ်နိုင်ပါတယ် ဒါကြောင့်တစ်နေ့ကို နှာခေါင်းစည်းအခုရေပေါင်း၁.၄၄ သန်းထုတ်လုပ်နိုင်ပါတယ် ကျွန်တော်တို့ က နှာခေါင်းစည်းတပ်ဆင်တဲ့ ကြိုးနေရာမှာ ဆန်းသစ်တဲ့နည်းလမ်းတွေကို အသုံးပြုထားပါတယ် လက်ရှိသုံးနေတဲ့ နှာခေါင်းစည်းကြိုးတွေနဲ့ယှဉ်လိုက်ရင် ဒီကြိုးတွေက ပိုကြီးပြီး သက်တောင့်သက်သာပိုရှိပါတယ် ဒါကြောင့် နားနှစ်ဖက်နှာ ဖိအားဒဏ်သိပ်မခံရတော့ဘူးပေါ့ အခု ဒီစက်ဟာဆိုရင် အရင်က စက်တွေထက် ပိုမို မြန်ဆန်စွာ ထုတ်လုပ်နိုင်ပါတယ် ဒါကြောင့် အလုပ်သမားအင်အားကိုချွေတာနိုင်သလို စွမ်းအင် ကုန်ကျမှုကိုလည်းလျှော့ချနိုင်ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)