Connect with us

Videos

တရုတ်နိုင်ငံက ပြည်တွင်းဖြစ်ဓါတ်ပေါင်းဖိုဖြင့် ပထမဆုံးနျူကလီးယား ဓါတ်အာပေးစက်ရုံ စမ်းသပ်လည်ပတ်

ဖူကျန့်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ က စက်တင်ဘာ ၄ ရက်မှ စတင်ကာ ဟွာလုံဝမ်း နည်းပညာကို အသုံးပြုလည်ပတ်သည့် နိုင်ငံ၏ ပထမဆုံး နျူကလီးယား ဓါတ်အားပေး စက်ရုံ စမ်းသပ်လည်ပတ်မှု စတင်ခဲ့သည်။ ၎င်းနျူကလီးယားဓါတ်အားပေးစက်ရုံသည် တရုတ်နိုင်ငံ၏ ပြည်တွင်းဖြစ် တတိယ မျိုးဆက် ဓါတ်ပေါင်းဖို ဒီဇိုင်းကိုအခြေခံကာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး လုပ်ငန်းလည်ပတ်နိုင်ရန် အဆင့်တစ်ခုဆီသို့ တိုးမြင့်ရောက်ရှိလာခြင်းလည်းဖြစ်သည်။

တရုတ်အမျိုးသား နျူကလီးယားကော်ပိုရေးရှင်း CNNC ၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ဖူကျင်းမြို့တွင်တည်ရှိသည့် အမှတ် ၅ နျူကလီးယားဓါတ်အားပေးစက်ရုံကို မွန်းလွဲ ၃ နာရီခွဲအချိန်တွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။ 

ဟွာလုံ ဝမ်း ဓါတ်ပေါင်းဖိုများအား နျူကလီးယားလျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်းကြီးနှစ်ခုဖြစ်သည့် တရုတ် အမျိုးသား နျူကလီးယား ကော်ပိုရေးရှင်းနှင့်တရုတ် နျူကလီးယား စွမ်းအင် လုပ်ငန်းစုတို့ ပူးပေါင်းကာ ဒီဇိုင်းထုတ်လုပ်ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် အမျိုးသားအဆင့် အရည်အသွေးသတ်မှတ်မှု စစ်ဆေးရေးလုပ်ငန်းများအောင်မြင်ပြီးမြောက်ခဲ့သည်။ 

အဆိုပါ နျူကလီးယားဓါတ်အားပေးစက်ရုံအား ၂၀၁၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုနှစ်တွင် လုပ်ငန်းစတင်လည်ပတ်နိုင်ရန်ရည်ရွယ်ထားသည်။ဖူကျင်းစီမံကိန်း၏ အမှတ် ၁ နှင့် အမှတ် ၄ နျူကလီးယား ဓါတ်အားပေးစက်ရုံများကို ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် စီးပွားဖြစ် စတင်လည်ပတ်နိုင်ခဲ့ပြီး စုစုပေါင်း လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီပေါင်း ၁၃၀ ဘီလီယံ ခန့်အထိထုတ်လုပ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.