Videos
တရုတ်နိုင်ငံက အခွန်၊ အခများ ပိုမိုလျှော့ချရေး အကောင်အထည်ဖော်ရန် ဆုံးဖြတ်
ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက စီးပွားရေးဖိအား အကျဘက်ဦးတည်နေမှုအား အရေးပါသည့် တန်ပြန်အစီအမံအဖြစ် ယခုနှစ်တွင် အခွန်၊ အခများကို ပိုမိုများပြားသည့် ပမာဏလျှော့ချရေး အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
အဆိုပါ ပြောင်းလဲမှုသည် ကုမ္ပဏီများအား အစုပေါ်အမြတ် ယွမ် ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၉၇ ဘီလီယံခန့်) ပေးအပ်နိုင်ရန် မျှော်မှန်းကြောင်း တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော် နှစ်ပတ်လည် အစည်းအဝေး ပြီးနောက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)