Videos
တရုတ်နိုင်ငံတောင်ပိုင်းနယ်စပ်တောထဲတွင်ရှားပါးတောက်တဲ့များကို ဘေးမဲ့ပေး
ယူနန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် အတွင်း ရှိ ရှီးရွှမ်းဘန်းနား မိုးသစ်တောထဲသို့ ဖမ်းဆီးရမိသော ရှားပါးတောက်တဲ့ ၁၂ ကောင် ကို ဘေးမဲ့ပေးခဲ့ကြောင်းသိရသည်။ ထိုတောက်တဲ့များကို မှောင်ခိုသမားများထံမှ ပြန်လည် သိမ်းဆည်းရမိခြင်းဖြစ်ပြီး ၎င်းတို့နေထိုင်သည့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိစေရန်အတွက် တောထဲသို့ ဘေးမဲ့လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ တောက်တဲ့များကို မှောင်ခိုသမားများက နယ်စပ်ဒေသဖြစ်သည့် ယူနန်ကို ဖြတ်ကျော်ပြီး ကူမင်းမြို့သို့ ထရပ်ကား ထဲတွင် ဖွက် ၍ သယ်ဆောင်လာစဉ် ရဲတပ်ဖွဲ့ကဖမ်းမိခဲ့ခြင်းဖြစ်သည်။
(ရဲအရာရှိ)
ကျွန်တော်တို့သူတို့ကိုဖမ်းမိ တော့ အကုန်လုံးကျန်းမာကြပါသေးတယ်။ ဒါနဲ့ အကုန်လုံးကို တောထဲကို ပြန်လွှတ်ပေးဖြစ်တာပါ။
တောက်တဲ့များကို အစာအဖြစ် အင်းဆက်များကိုကျွေးမွေးစောင့်ရှောက်ပြီးနောက် အသက်ရှင်သန်နိုင်ဖို့အတွက် သစ်တောထဲသို့လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ (Xinhua)