Connect with us

Videos

စိန်ခေါ်ကြိုးတန်းလမ်းလျှောက်ပြိုင်ပွဲ ကျင်းပ

ချုံကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

မီတာပေါင်းရာပေါင်းများစွာနက်ရှိုင်းတဲ့ တောင်များအကြားတွင် စတီးကြိုးများဖြင့် ကြိုးတန်း လမ်းလျှောက်ကာ ၁ တောင်နှင့် ၁ တောင်သို့ အလျင်အမြန်ကူး ခြင်းသည် မြင်ရသူတိုင်းအတွက် ရင်သပ်ရှုမောဖွယ်ရာပင်ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ် က လည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းပြည်နယ်ရှိ မီတာ ၃ဝဝ အနက်ရှိသည့် ချောက်ကြီးပေါ်တွင် စိန်ခေါ် ကြိုးတန်းလမ်းလျှောက်ခြင်းကို ကမ္ဘာ့နံမည်ကြီး စတန့်သမား (၃) ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ၎င်းတို့ မှာ ဆွစ်ဇာလန်နိုင်ငံ က ဖရက်ဒီနော့၊ အီတလီနိုင်ငံ က မာရစ်ဇီယိုဇာဘာဒါ နှင့် တရုတ်နိုင်ငံ က အက်စ်ခါ တို့ဖြစ်သည်။ ၎င်းတို့အားလုံးသည် ပထမတန်းစား ကြိုးတန်းလမ်းလျှောက် သူများလည်း ဖြစ်ကြသည်။ ထိုနေ့ကယှဉ်ပြိုင် မှု တွင် ဆွစ်ဇာလန်နိုင်ငံမှ ဖရက်ဒီနော့က ၄၂.ဝ၄ စက္ကန့်ဖြင့် အရင်ဆုံးပန်းဝင်ခဲ့သည်။

ဒုတိယနေရာ ရခဲ့သူ အက်စ်ခါ က ဒါဟာ ပြိုင်ပွဲတစ်ခု သာဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.