Connect with us

Videos

တရုတ်နိုင်ငံတောင်ပိုင်းရေအိုင်တွင်ငါးတန်ချိန်ပေါင်း၂ဝ ကျော်သေဆုံး

ဟိုင်နန်၊ မေ ၁ဝ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန် ပြည်နယ်ရှိ ဟုန်ကုန်အမည်ရှိ ရေအိုင်တွင် သေဆုံးနေသော ငါး တန်ချိန်ပေါင်း ၂ဝ တန်ကျော်အား ရေပေါ် တွင်တွေ့ရှိခဲ့သည် ။

ဒါဇင်ပေါင်းများစွာသော ဝန်ထမ်းများက ငါးအသေများကို ထိုကန်မှ နာရီပေါင်းများစွာ ရှင်းလင်းဖယ်ရှားခဲ့ရသည်။ ငါးများတွင် အဆိပ်အတောက်ပါဝင်ခြင်းရှိမရှိ စစ်ဆေးရသေးခြင်းမရှိသည့်အတွက်လည်း စားသုံးသူများထံသို့ ရောင်းချခြင်းမပြုနိုင်ရန် အာဏာပိုင်များက တားမြစ်ထားခဲ့ရသည်ဟုလည်း သိရသည်။
ဆားဒင်းငါးများ မှာ မြစ်ချောင်းများထဲမှ ရေကိုစုပ်ယူရာတွင် ရေချိုကန်များထဲသို့ မတော်တဆ ရောက်ရှိလာခြင်းဖြစ်မည်ဟု ဒေသခံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများ ကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.