Connect with us

Videos

တရုတ်နိုင်ငံတော် ဗဟိုဘဏ် မှ လန်ဒန်တွင် ကုန်သွယ်ရေးစင်တာဖွင့်လှစ်ခဲ့

လန်ဒန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

လန်ဒန်မြို့၌တရုတ်နိုင်ငံတော် ဗဟိုဘဏ် (BOC) သည် ကုန်သွယ်ရေး စင်တာ အား ဖွင့်လှစ်ခဲ့ ပြီး လန်ဒန်၊ ပေကျင်းနှင့် စင်ကာပူတို့တွင် တရုတ်နိုင်ငံတော် ဗဟိုဘဏ် (BOC) ယွမ် ငွေချေး စာချုပ် ရောင်းဝယ်မှု ညွှန်းကိန်း (BOC RMB Bond Trading Index) အား တရားဝင် စတင်နိုင် ခဲ့သည်။

တရုတ်နိုင်ငံတော် ဗဟိုဘဏ် ကုန်သွယ်ရေး စင်တာ (လန်ဒန်) အား ထူထောင် နိုင်ခဲ့ခြင်းသည် တရုတ်နိုင်ငံတော် ဗဟိုဘဏ် အုပ်စု၏ ကမ္ဘာလုံး ဆိုင်ရာ ဘက်ပေါင်းစုံ စီမံခန့်ခွဲမှု လုပ်ဆောင်ချက်များ မဟာ ဗျူဟာအရ အရေးကြီးသော အဆင့် တစ်ခုဖြစ်ကြောင်း သိရသည်။

ကုန်သွယ်ရေး စင်တာက ၎င်း၏ ဖောက်သည်များအား နိုင်ငံခြား ငွေလဲလှယ်ခြင်း၊ ကုန်စည်များ၊ သတ်မှတ် ထားသည့် ကုန်သွယ်ရေး ဝင်ငွေ များနှင့် ပတ်သက်၍ များစွာ ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စင်တာသည် ဟောင်ကောင်ရှိ စင်တာ ပြီးလျှင် အုပ်စု၏ ဒုတိယ အကြီးဆုံး ပြည်ပရှိ ကုန်သွယ်ရေး စင်တာ ဖြစ်လာမည် ဖြစ်ပြီး တရုတ် ဗဟိုဘဏ် အုပ်စု ၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကွန်ရက်ကို ပိုမို ဖြန့်ကျက် ပေးနိုင်မည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ ဗဟိုဘဏ်သည် တရုတ်နှင့် ဗြိတိန် နှစ်နိုင်ငံကြား စီးပွားရေး နှင့် ဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက်မှု များ တိုးမြှင့် လုပ်ဆောင်ခြင်းဖြင့် ကမ္ဘာ့ ထိပ်တန်း တရုတ်ယွမ် စင်တာ တစ်ခု အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.