Videos
တရုတ်နိုင်ငံတွင် မောင်းသူမဲ့ယာဉ်များကို အသုံးပြု ၍ယာဉ်ကြောပိတ်ဆို့မှုများကိုဖြေရှင်း
ကွမ်တုံ၊ မေ ၃ ရက် (ဆင်ဟွာ)
ကားလမ်းပိတ်ခြင်းပြဿနာကို အဖြေရှာနိုင်ရန်၊ စည်းကမ်းပျက်ယာဉ်များအား အရေးယူနိုင်ရန် အလို့ငှာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အစီအစဉ်တစ်ခုကို ဆောင်ရွက်ခဲ့ကြသည်။
ထိုအစီအစဉ်မှာ ယာဉ်ကြောပိတ်ဆို့မှုများကို မောင်းသူမဲ့ယာဉ်များအသုံးပြု၍ ဖြေရှင်းခြင်းပင်ဖြစ်သည်။ အဝေးပြေးလမ်းများပေါ်တွင် အရေးပေါ်မောင်းနှင်ရန်သတ်မှတ်ထားသည့်နေရာများကို တရားမဝင်အသုံးပြုမောင်းနှင်သည့် ယာဉ်မောင်း၏ပုံကိုမောင်းသူမဲ့ယာဉ်မှ ဓါတ်ပုံရိုက်ကူးမှတ်တမ်းတင်ထားမည်ဖြစ်သည်။ မောင်းသူမဲ့ယာဉ်များမှာ အဝေးပြေးလမ်းပေါ်တွင် အချိန်တိုအတွင်း စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီးနိုင်မည်ဖြစ်သကဲ့သို့ အချိန်နှင့် တပြေးညီ ပတ္တရောင်ရဲသားများ အား အထောက်အကူလည်းပြုနိုင်မည်ဖြစ်သည်။
ပျံသန်းချိန်အတွင်းမောင်းသူမဲ့လေယာဉ်တစ်စီးသည် စတုရန်းကီလိုမီတာ ၃၁၄ မီတာအကွာအဝေး အထိ ဖြန့်ကျက် ရိုက်ကူးနိုင်ပြီး မီတာ ၃ထောင်အထိ မြင့်အောင်ပျံသန်းနိုင်သည်။ ထို့အပြင် ပြင်းထန်သည့် ရာသီဥတု ကိုလည်းအံတုကာ ယာဉ်ထိန်းတာဝန်ထမ်းဆောင်နိုင်ကြောင်းလည်းသိရသည်။ (Xinhua)