Videos
တရုတ်နိုင်ငံမှ စက်ရုပ်လမ်းလျှောက်ပြီး ကမ္ဘာ့စံချိန်သစ်တင်
ချုံကျင်း၊ နိုဝင်ဘာလ(၁) ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ လုပ် Walker –I ဟု အမည်ရသော စက်ရုပ်သည် နာရီပေါင်း ၅၄ နာရီအတွင်း ကီလိုမီတာပေါင်း ၁၃၄.ဝ၃ ကီလိုမီတာအထိ လမ်းလျှောက်ပြခဲ့ပြီး ဂင်းနစ် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ကြောင်းနိုဝင်ဘာလ (၁)ရက်နေ့က သိရသည်။
ချုံကျင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် တက္ကသိုလ် မှ သုတေသီအဖွဲ့ဟာ ခြေထောက်လေးချောင်းပါ အဆိုပါစက်ရုပ် အား တီထွင်ခဲ့ပြီး အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ခြေလှမ်းပေါင်း ၃သိန်း၄သောင်းလျှောက်လှမ်းနိုင်ခဲ့ပြီးနောက် အားပြန်ဖြည့်ရန် ရပ်နားထားခဲ့ကြခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ကော်နေးတက္ကသိုလ်အဖွဲ့မှ ဖန်တီးခဲ့သည့် ရိန်းဂျား စက်ရုပ်က ယခင်စံချိန်ချိုးခဲ့သော ခြေလှမ်းများထက် Walker-I မှ ၂ဆခန့်လျှောက်နိုင်ပြီး ၁.၁၈ ဆနှုန်း ပိုမိုမြန်ဆန်သည်ဟုသိရသည်။ (Xinhua)