Videos
တရုတ်နိုင်ငံမှ နည်းပညာသစ်စမ်းသပ်မှု ဂြိုဟ်တု ၂လုံးအား လွှတ်တင်
ရှီးချန်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေး စင်တာ မှ နည်းပညာသစ်စမ်းသပ်မှု ဂြိုဟ်တု ၂လုံးအား Long March-2C ဒုံးပျံဖြင့် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းဂြိုဟ်တု ၂လုံးအား နံနက် ၁၁း၃၀နာရီတွင် လွှတ်တင်ခဲ့ပြီး သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ဂြိုဟ်တုကြားကွန်ရက် နှင့် ချိတ်ဆက်ကာ ကမ္ဘာမြေစောင့်ကြည့်လေ့လာရေး ဂြိုဟ်တုများ ပေါ်တွင် နည်းပညာသစ်များအား စမ်းသပ်လုပ်ဆောင်ရန် ဖြစ်ကြောင်း သိရသည်။(Xinhua)