Videos
တရုတ်နိုင်ငံမှ ဥရောပတိုက်နိုင်ငံများဆီသို့ ရေကြောင်းပိုးလမ်းမကြီးမှတစ်ဆင့်ကုန်စည်စီးဆင်း
ရှန်ဟိုင်း၊ မေ ၁၁ ရက် (ဆင်ဟွာ)
ရေကြောင်းပိုးလမ်းမကြီးဟု လူသိများသည့် ကုန်သွယ်ရေး လမ်းကြောင်းအတိုင်း တရုတ်နိုင်ငံမှ ဥရောပတိုက် နိုင်ငံများဆီသို့ ကုန်စည်များပို့ဆောင်ပေးသည့် M.V COSCO သင်္ဘောကြီးသည် တရုတ်နိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ထိုသင်္ဘောကြီးသည် ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာ၊ အတ္တလန္တိတ်သမုဒ္ဒရာ၊ တောင်တရုတ်ပင်လယ်၊ ပင်လယ်နီ၊ မြေထဲပင်လယ်ဒေသ စသည်တို့ကို ၂၂ ရက်ကြာ ဖြတ်သန်းသွားလာခဲ့ခြင်းဖြစ်သည်။ ၂၁ ရာစု ကုန်သွယ်ရေကြောင်းပိုးလမ်းမကြီးကြောင့် သမုဒ္ဒရာများအတွင်း ဖြတ်သန်းသွားလာကာ ကုန်သွယ်မှု အချိန်နှင့်နေရာတို့ကို ပိုမိုကျယ်ပြန့်စေသည်။ ဧပြီလ ၁၆ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ သွားလာ သည့် အဆိုပါကုန်စည်ပို့ဆောင်သည့် သင်္ဘောကြီးသည် တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ ရန်ရှန်ရေနက်ဆိပ်ကမ်းမှ ဥရောပတိုက် ဂရိဆိပ်ကမ်း Piraeus သို့ သွားလာခဲ့ရာနိုင်ငံအချင်းချင်း ဆက်သွယ်သွားလာမှု ၊ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှုတို့ကို ရေကြောင်းပိုးလမ်းမကြီးမှတစ်ဆင့်ဖော်ဆောင်နိုင်ခြင်းဖြစ်သည်။ (Xinhua)