Connect with us

Videos

တရုတ်နိုင်ငံရဲ့ မြန်နှုန်းမြင့် ရထားလမ်းခုံးကျော်ကို ဘယ်လို တည်ဆောက်လဲ

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ မြန်နှုန်းမြင့် မီးရထားလမ်း ခုံးကျော် တည်ဆောက်ခြင်း လုပ်ငန်းကို ခေတ်မီ စက်ယန္တရားကြီးဖြင့် ဆောင်ရွက်လျက် ရှိသည်။ ၎င်းစက်ယန္တရားသည် အလေးချိန် ၅၈၀ တန်ရှိပြီး ရထားလမ်းခုံးကျော်တံတားများ၏ ယက်မ တန်းများကို တစ်ခုနှင့်တစ်ခု ဆက်သွယ်နိုင်အောင် အလိုအလျှောက် လုပ်ဆောင်ပေးသည်။

တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့် မီးရထားလမ်းပိုင်းသည် အရှည် ၂၂ဝဝဝ ကီလိုမီတာကျော် ရှိပြီး ကမ္ဘာပေါ်တွင် အရှည်လျားဆုံး မီးရထားလမ်း ဖြစ်သည်။ ၎င်းရထားလမ်းပိုင်းသည် လာမည့် ၂ဝ၂ဝ ပြည့်နှစ်တွင် အရှည် ၃ဝဝဝဝ ကီလိုမီတာထိ ရောက်ရှိနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.