Videos
တရုတ်နိုင်ငံ၏သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၏ အောင်မြင်မှုပြယုဂ်ဖြစ်သည့် ဖူကျန့်ဒေသ
ဖူကျန့်၊ ဇွန် ၂ဝ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်ရှိ UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Wu yi တောင်တန်းများသည် သဘာဝအလှအပများနှင့် အလွန်သာယာလှပသည့်အပြင် တောင်ခြေတွင်လည်း JiuQuxi မြစ်က ရစ်ခွေစီးဆင်းလျက်ရှိသောကြောင့် ပြီးပြည့်စုံသည့် ပန်းချီကားတစ်ချပ်ကို ရှုစားနေရသည့်နှယ် စိတ်နှလုံးကြည်နူးရွှင်လန်းစေသည်။ ရေတံခွန်များနှင့်တောအုပ်များမှာလည်း လွန်စွာပနံရလှပပြီး ကျေးငှက်သာရကာများ လွန်စွာပေါများသောကြောင့် သီးပင်စားပင်များလည်းဖြစ်ထွန်းလှသည်။ ထိုဒေသတွင် ဒေသခံများစိုက်ပျိုးထားသည့် လက်ဖက်စိုက်ခင်းများကိုလည်း လှပစွာ မြင်တွေ့နိုင်မည်ဖြစ်သည်။ ဖူကျန့်ပြည်နယ်သည် တရုတ်နိုင်ငံအတွင်းဆယ်စုနှစ်ပေါင်းများစွာ စိမ်းလန်းစိုပြည်သည့် သဘာဝအမွေအနှစ်များကို ထိန်းသိမ်းထားနိုင်သည့်ပြည်နယ်တစ်ခု ဖြစ်ပြီး နှစ်ပေါင်းလေးဆယ်အတွင်း ဖူကျန့်ဒေသ၏ သစ်တောရာခိုင်နှုန်းမှာ တရုတ်နိုင်ငံ၏ ထိပ်ဆုံး အဆင့်တွင် တည်ရှိလျက်ရှိသည်။ ဖူကျန့်ပြည်နယ်သည် တရုတ်နိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍတွင် အောင်မြင်မှုပြယုဂ်တစ်ခုပင်ဖြစ်သည်။(Xinhua)