Connect with us

Videos

တရုတ်နိုင်ငံ၏ ပထမဆုံးသော ကောင်းကင်ဆိုင်းငံ့ပြေးဆွဲရထားလမ်းစမ်းသပ်

ချန်ဒူး၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင်မြေပြင်အထက်သံလမ်းအောက်၌ ဆိုင်း၍ပြေးဆွဲသော ပထမဆုံးသော ကောင်းကင်ဆိုင်းငံ့ပြေးဆွဲရထားလမ်းကို နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချန်ဒူးတွင် စက်တင်ဘာလကုန်ပိုင်းက စမ်းသပ်ပြီးစီးခဲ့ပြီဖြစ်သည်။

တစ်နာရီကို ၆ဝ ကီလိုမီတာ အမြန်နှုန်း သွားလာနိုင် သည့် လီသီယမ်ဘက်ထရီ စွမ်းအင်သုံးရထားသည် မီတာ ၃ဝဝ ရှိသည့် ရထားလမ်း ပိုင်းကို ဖြတ်သန်းမောင်းနှင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရထားတွဲတစ်တွဲလျင် ခရီးသည်ပေါင်း ၁၂ဝ ခန့်သယ်ဆောင်နိုင်ကြောင်း ရထားလမ်းဆောက်လုပ်ရေး ဒီဇိုင်းနာချုပ်က ဆိုသည်။

ရထားလမ်းပိုင်း စမ်းသပ်မောင်းနှင်ခြင်းကို ၁.၂ ကီလိုမီတာ အထိ ဆက်လက်ချဲ့ထွင်မည်ဖြစ်ပြီး ရထားလှည့်ခြင်း၊ ရထားအပေါ်သို့တက်ခြင်းနှင့် ရထားကို အားသွင်းပေးမည့် ဘူတာရုံများအတွက် ထပ်မံစမ်းသပ်ရအုန်းမည်ဟုသိရသည်။

ပထမဆုံးလျှပ်စစ်စွမ်းအင်သုံးမြေပြင်အထက်သံလမ်းအောက်၌ ဆိုင်း၍ပြေးဆွဲသောရထားကို ဂျာမနီနိုင်ငံတွင် ၁၉ဝ၁ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ယနေ့ထက်တိုင်အသုံးပြုလျက်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.