Videos
တရုတ်နိုင်ငံ၏ ပထမဆုံး မြန်နှုန်းမြင့် သံလိုက်ရထားရှေ့ပြေး ပုံစံတစ်မျိုး အား စမ်းသပ်အောင်မြင်ခဲ့
ရှန်ဟိုင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
တရုတ်ပြည်တွင်းဖြစ် မြန်နှုန်းမြင့် သံလိုက်ရထားပုံစံသစ်တစ်မျိုးကို ရှန်ဟိုင်းမြို့တွင် စမ်းသပ်ပြေးဆွဲခဲ့သည်။ ၎င်းသံလိုက်ရထားသည် တစ်နာရီလျှင် ၆၀၀ ကီလိုမီတာအထိ အမြန်ဆုံးမောင်းနှင်နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ရှေ့ပြေးဒီဇိုင်းထုတ်လုပ်မှုအပိုင်းကို ချင်းသောင်မြို့တွင် လုပ်ဆောင်ခဲ့ပြီး စမ်းသပ်ပြေးဆွဲမှုအပိုင်းကို ရှန်ဟိုင်းမြို့တွင်ပြုလုပ်ခဲ့သည်။ သံလိုက်ရထားများကို စွမ်းအင်ထောက်ပံ့ပေးမည့် ရထားသံလမ်း မီးအားမြှင့်စက်ကြီးကို တရုတ်နိုင်ငံ တွင် ဇွန်၂၈ ရက်က တပ်ဆင်ပြီးစီးခဲ့သည်။ ၎င်း မီးအားမြှင့်စက်ကြီးသည် မြန်နှုန်းမြင့်ရထားများပြေးဆွဲနိုင်ရန်အတွက် အဓိက စွမ်းအင်ထောက်ပံ့ပေးသော ယန္တယားကြီးဖြစ်သည်။ အဆိုပါ ရထားသံလမ်းမီးအားမြှင့်စက် ထုတ်လုပ်တပ်ဆင်မှု အပြည့်အစုံကို တရုတ်နိုင်ငံက မူပိုင်ခွင့် ရရှိထားပြီးဖြစ်ရာ နိုင်ငံ၏ မြန်နှုန်းမြင့် သံလိုက်ရထားထုတ်လုပ်ရေးလုပ်ငန်းစဉ်များအတွက် နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့များစွာ ပေးနိုင်တော့မည်ဖြစ်သည်။ (Xinhua)