Connect with us

Videos

တရုတ်နိုင်ငံ၏ အရှည်ဆုံး ကုန်းတွင်းမြစ်ကြီးအား ရေလှောင်တမံမှ စွန့်ထုတ်သည့်ရေများဖြင့်စီးဆင်းစေခဲ့

ရှင်းကျန့်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှင်းကျန့်ဒေသတွင် ဂေဟဗေဒ စနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် Daxihaizi ရေလှောင်တမံမှ ရေများကို  အနိုမ့်ပိုင်းတွင်ရှိနေသည့် တရုတ် နိုင်ငံ၏ အရှည်ဆုံး ကုန်းတွင်းမြစ်တစ်စင်းဖြစ်သော Tarim မြစ်လက်တက် ထဲသို့ ထုတ်လွှတ်နေပုံကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ ရှင်းကျန့်ဒေသ၏ သဲကန္တာရ စိမ်းလန်းစိုပြည်ရေးစီမံကိန်း တစိတ်တပိုင်းအဖြစ် ထိုသို့ရေများစွန့်ထုတ်ခြင်းဖြစ်သည်။ ယခုဆောင်ရွက်မှုသည် ၂၀၀၀ ပြည့်နှစ်ကတည်းက စတင်ခဲ့သည့် ဂေဟဗေဒ စိမ်းလန်းစိုပြည်ရေးစီမံကိန်း၏ ၂၁ ကြိမ်မြောက် ဆောင်ရွက်ချက်ဖြစ်သည်။ ရေလှောင်တမံမှ ရေ ပမာဏ သန်း ၃၅၀ ကုဗ မီတာခန့်ကို ယခုနှစ်အတွင်းထုတ်လွှတ်သွားမည်ဖြစ်သည်။ ပြီးခဲ့သည့်ဆယ်စုနှစ်များဆီက ၎င်းစိမ်းလန်းစိုပြည်ရေးစီမံချက်အရ ရေတန်ချိန် ၈.၂ ဘီလီယံ ကုဗမီတာကို မြစ်အတွင်း ထုတ်လွှတ်ခဲ့ပြီးဖြစ်သည်။ Tarim မြစ် ညာဘက် တွင် စိမ်းလန်းစိုပြည်ရေးအတွက်  ယခုကဲ့သို့ ရေများပို့လွှတ်သည့်စီမံကိန်းကို စတင်ခြင်းဖြစ်သည်။ Tarim မြစ်သည် အရှည် ၁,၃၂၁ ကီလိုမီတာရှိ သည် ဟုသိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.