Connect with us

Videos

တရုတ်နိုင်ငံ၏ ၈ ခုမြောက် အကြီးဆုံး သဲကန္တာရတွင် ကုန်းတွင်းစပါးစိုက်နည်းစနစ် ဖြင့် စတင်စိုက်ပျိုး

အတွင်းမွန်ဂိုလီးယား၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ၈ ခုမြောက် အကြီးဆုံး သဲကန္တာရကြီး တစ်ခုဖြစ်သည့် Ulan Buh သဲကန္တာရ ၌ ဒေသခံလယ်သမားများက ကုန်းတွင်းစပါးစိုက်ပျိုးရေး နည်းစနစ်ဖြင့် မြေ ၃၄၇ ဟက်တာပေါ်တွင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ၎င်းကုန်းတွင်းစပါးမျိုးသည် အရည်အသွေးကောင်းမွန်သလို အထွက်လည်းကောင်းမွန်ကြောင်း နှင့် သဲမြေပေါ်တွင် စိုက်ပျိုးရန် အထူးသင့်လျော်သည့် စပါးမျိုးစိပ် တစ်ခုလည်းဖြစ်သည်။ အဆိုပါ စပါးမျိုးများစိုက်ပျိုးနေသည့် Dengkou စီရင်စုတွင် ယခင်နှစ်က သဲမြေများပေါ်၌ ကောက်စိုက်စက်ကြီး ၁၀ လုံးခန့်ကို အသုံးပြု၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။ 

စပါးစိုက်ပျိုးရေးစီမံကိန်းတာဝန်ခံ Wei Zhiheng က  “ ပထမဆုံးအနေနဲ့ ကျွန်တော်တို့က Ulan Buh သဲကန္တာရ ကုန်းတွင်းစပါးမျိုးတွေ ကိုစိုက်ပျိုးရတာပါ ၊ မေလ ၂၆ ရက်ကတည်းကလုပ်ငန်းစနေခဲ့တာပါ၊ စက်တွေကလည်းနေ့တိုင်းဆိုသလို တစ်သုတ်ပြီးတစ်သုတ်ရောက်ပါတယ်၊ ၈ ရက်  ၉ ရက်အတွင်း ကုန်းတွင်းစပါး (၅၂၀၀ mu )၃၄၇ ဟက်တာလောက်စိုက်ပျိုးနိုင်ခဲ့ပါတယ်” ဟုဆိုသည်။

၁၅ mu  လျှင်  ၁ဧက ဟု သတ်မှတ်လေ့ရှိရာ ကုန်းတွင်းစပါး စိုက်ပျိုးရန်ကုန်ကျငွေမှာ ၁ mu လျှင် ယွမ် ၂,၀၀၀ ကျသင့်ပြီး ၁ mu တွင် အရည်အသွေးမြင့်စပါး ၄၅၀ ကီလိုဂရမ်ထွက်ရှိသည်။ အရည်အသွေးမြင့် ကုန်းတွင်းစပါး၏ ပေါက်ဈေးမှာ တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၄.၅ ဒေါ်လာအထိ ရရှိနိုင်ကြောင်းခန့်မှန်းရသည်။ထို့ကြောင့် ၁ mu တွင် ဒေါ်လာ ၁,၅၀၀ အထိ အသားတင်ဝင်ငွေ ရရှိနိုင်မည်ဖြစ်သည်။  (Xinhua)  

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.