Connect with us

Videos

ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေက “ တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” ကို အောင်မြင်စေမည်ဟု ဟောင်ကောင် အုပ်ချုပ်ရေးမှူးပြောကြား 

ဟောင်ကောင်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) 

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးMrs. Carrie Lam က ဟောင်ကောင်အစိုးရအနေဖြင့် ဟောင်ကောင်၏ အမျိုးသားလုံခြုံရေးဆိုင်ရာဥပဒေကို အပြည့်အဝ ထောက်ခံကြောင်း ၊ ယင်းသည် “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” မူဝါဒကို ဘက်စုံတိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိစေနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ထို့အပြင် အမျိုးသားလုံခြုံရေးသည် တစ်နိုင်ငံစနစ်နှစ်မျိုးမူဝါဒ ကို ဘက်စုံအကောင်အထည်ဖော်ဆောင်နိုင်မှုအပေါ်တွင် အလွန်ပင် အခရာကျသည့် အစိတ်အပိုင်းတစ်ခုဖြစ်လာကြောင်း ၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံတိုင်းတွင် ၎င်းတို့၏ အမျိုးသား အကျိုးစီးပွားကိုကာကွယ်ရန်  အမျိုးသားလုံခြုံရေးသည် လိုအပ်သည့်အရာပင်ဖြစ်ကြောင်း Mrs.Carrie Lam က ဆိုသည်။ ဟောင်ကောင်ပြည်သူများအနေဖြင့် အမျိုးသားလုံခြုံရေးဥပဒေကိုထောက်ခံကြရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.