Videos
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၏ ကမ္ဘာ့အမြင့်ဆုံး ကွန်ဂရစ်တာဝါတံတားကြီး
ကွေ့ကျိုး၊အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကွေ့ကျိုးပြည်နယ် ဖိန်ထန်တံတားကြီးသည် ကမ္ဘာ့အမြင့်ဆုံး ကွန်ဂရစ် တာဝါတံတားကြီးဖြစ်သည်။ ၎င်းတံတားကြီး၏အမြင့်သည် ၃၃၂ မီတာ အထပ် ၁၁၀ ရှိသည့်အဆောက်အဦ၏ အမြင့်နှင့်ညီမျှသည်။ကေဘယ်ကြိုးထိန်းတံတား အမျိုးအစား ဖိန်ထန်တံတားကြီးသည် အကျယ် ၂,၁၃၅ မီတာ ရှိသည့် တောင်ကြားကို သွယ်တန်းတည်ဆောက်ထားခြင်းဖြစ်ပြီး ဖိန်ထန်-လော်တျန့် အဝေးပြေးလမ်းမကြီး၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်သည်။တံတားကြီးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှစ၍ ဖိန်ထန်-လော်တျန့် ၂ နာရီခွဲအကြာ ခရီးအကွာအဝေးကို ၁ နာရီခန့်ဖြင့် သွားလာနိုင်အောင် အထောက်အပံ့ဖြစ်စေခဲ့သည်။ (Xinhua)