Videos
တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက် နိုင်ငံများ၏ ကုန်သွယ်ရေးအတွက် ကုန်တင်ရထားချိတ်ဆက်မှုက အထောက်အပံ့ဖြစ်
ဆန်းတုန်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်-ဥရောပနှင့် တရုတ်-အာရှ ကုန်တင်ရထား ချိတ်ဆက်သွားလာနိုင်မှုကြောင့် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်နိုင်ငံများ၏ ကုန်သွယ်ရေးသည် ပိုမိုတိုးတက်လာခဲ့သည်။ ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလတွင်
ယူရေးရှားနိုင်ငံများသို့ “Qilu”ကုန်တင်ရထားဖြင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ သယ်ယူပို့ဆောင်ပေးနိုင်ခဲ့သည်။
ဆန်းတုန်းတွင် နိုင်ငံတကာ ရထားလိုင်းပေါင်း ၃၆ ခုရှိရာ ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်နိုင်ငံ ၁၄ နိုင်ငံရှိ မြို့ပေါင်း ၄၂ မြို့ နှင့် ချိတ်ဆက်ပေးထားနိုင်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ၇ လကြာကာလတွင် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်နိုင်ငံများနှင့် ပြည်ပကုန်သွယ်ရေး သည် ယခင်နှစ် ကာလတူထက် ၅.၅ ရာခိုင်နှုန်း တိုးမြင့်ခဲ့ရာ ကုန်သွယ်ရေးပမာဏ တရုတ်ယွမ်ငွေ ၃၄၆.၃၄ ဘီလီယံ(အမေရိကန် ဒေါ်လာ ၅၀.၂၅ ဘီလီယံ)ထိရှိခဲ့ကြောင်း သိရသည်။ (Xinhua)