Connect with us

Videos

တရုတ်နိုင်ငံ တိဘက် ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့တို့တွေ့ဆုံ

ရန်ကုန် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့(MISIS) ဥက္ကဋ္ဌ ဦးညွှန့်မောင်ရှိန် တို့သည် ဇွန် ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ MISIS ရုံး၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်ဘက်လုံးက တိဘက် ဒေသ၏ စီးပွားရေး ၊ ယဉ်ကျေးမှု ၊ ခရီးသွား လုပ်ငန်း နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စသည့် တိဘက်ဒေသ အကြောင်း ရှင်းလင်း ပြောကြားခြင်းများ ၊ အပြန်အလှန် သိလိုသည်များအား မေးမြန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS) မှ ဥက္ကဋ္ဌ ဦးညွှန့်မောင်ရှိန် ၊ အတွင်းရေးမှူး ဒေါ်ကေသီစိုး ၊ တွဲဘက် အတွင်းရေးမှူး(၁) ဦးခင်မောင်လင်း အပါအဝင် အဖွဲ့ဝင်များ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.