Videos
တရုတ်နိုင်ငံ နှင့် အာဆီယံနိုင်ငံများအကျိုးတူပူးပေါင်းဆောင်ရွက်မှုတိုးမြင့်
ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)တို့ အပြန်အလှန် အကျိုးတူပူးပေါင်း ကာ ကုန်စည်ဆက်သွယ်မှု ပြုလုပ်ခဲ့သည်မှာ ၂၅ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ထိုသို့ အပြန်အလှန်ဆက်သွယ်မှု ကုန်စည်ရောင်းဝယ်မှု ပြုလုပ်ခြင်းမှာ ၁၉၉၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇.၉၆ ဘီလီယံ မှ ယမန်နှစ်တွင် ၄၇၂ ဘီလီယံအထိ တိုးတက်များပြားခဲ့သည်။ နှစ်ဦးနှစ်ဘက် ရင်းနှီးမြှုပ်နှံမှု မှာလည်း ဒေါ်လာ ၁၆ဝ ဘီလီယံအထိ တိုးမြင့်လာသည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံ များ ၏ အကြီးမားဆုံးသော ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ အာဆီယံအနေဖြင့်လည်း တရုတ်နိုင်ငံ ၏ တတိယမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံများအသင်းဖြစ်လာသည်။ပြီးခဲ့သည့် ၂၅ နှစ်အတွင်း တဟုန်ထိုး တိုးတက်လာသည့် ဖွံ့ဖြိုးတိုးတက်မှုများဖြင့် ပိုမို တိုးတက်စွာ ပူးပေါင်းဆောင်ရွက်မည့် ခေတ်တစ်ခေတ်ဆီသို့ ချီတက်လျှောက်လှမ်းရင်း လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်များ၊ ပြည်သူများ နိုင်ငံအချင်းချင်းလေ့လာရေးအစီအစဉ်များနှင့်အတူ ၂၁ ရာစု၏ ပိုးလမ်းမကြီး မဟာဗျူဟာများကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။တရုတ်နိုင်ငံနှင့် ပူးပေါင်းဆက်သွယ်ဆောင်ရွက်မှု အပေါ် အာဆီယံနိုင်ငံများ မှ ပြည်သူများ ၏ အမြင်များကို ဆင်ဟွာ သတင်းဋ္ဌာန မှ မေးမြန်းခဲ့သည်။(Xinhua)