Connect with us

Videos

တရုတ်နိုင်ငံ မြောက်ပိုင်း၌ ပူပြင်းသော နေရောင်ခြည်အောက်တွင် နယ်စပ်ဂိတ်စစ်ဆေးခြင်း

အတွင်းမွန်ဂိုလီးယား ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကန်းချီမောင်းတူး(Ganqimaodu) နယ်စပ်၌ အမြင့်ဆုံး အပူချိန် ၃၆ ဒီဂရီဆဲလ်စီးယက်စ်အောက်တွင် တင်းကျပ်သော ကပ်ရောဂါထိန်းချုပ်ရေး အစီအမံများနှင့်အတူ ရဲအရာရှိများက ပို၍ လုံလဝီရိယ ရှိစွာဖြင့် နယ်စပ်အဝင်အထွက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ တစ်နေ့တာ လုပ်ငန်း တာဝန်ပြီးဆုံးချိန်တွင် ရဲအရာရှိများ၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲနစ်နေသည်။ အဆိုပါ စစ်ဆေးရေးဂိတ်တွင် ရဲအရာရှိ ၃၂ နှစ်ဦးက အဆိုင်းနှစ်ဆိုင်းခွဲ၍ နှစ်နာရီလျှင် တစ်ကြိမ်ကျ ပြောင်းလဲ တာဝန်ထမ်းဆောင်နေကြသည်။ အပူဒဏ်ကြောင့် သတိလစ်ခြင်းမှ ကာကွယ်နိုင်ရန် ဆေးဝါးများကို အဆင်သင့် ဆောင်ထားကြရသည်။ယခုနှစ် လတ်တလောအချိန်ထိ Ganqimaodu နယ်စပ်ဂိတ်သည် ကုန်ပစ္စည်း တန်ချိန် ၄ ဒသမ ၆ သန်း နှင့် မော်တော်ယာဉ်ခရီးစဉ်ပေါင်း ၁၀၀,၀၀၀ ကို ကိုင်တွယ်စစ်ဆေးခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.