Videos
တရုတ်နိုင်ငံ မြောက်ပိုင်းတွင် အထွက်နှုန်းမြင့်မားသည့် ရေနံတွင်းသစ် ရှာဖွေတွေ့ရှိ
အတွင်းမွန်ဂိုလီးယား၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့်တည်းဖြတ် / စုဝင့်
တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တစ်ရက်လျှင် ရေနံ ကုဗမီတာပေါင်း ၃၀၆ မီတာကျော်ထွက်ရှိမည့် အထွက်နှုန်းမြင့်မားသည့် ရေနံတွင်းသစ် တစ်တွင်း ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။ ၎င်းရေနံတွင်းကို China National Petroleum Corporation မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ တွင်းတူးဖော်မှုအပိုင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး ယခုနှစ်ဩဂုတ်လတွင် အလုံးစုံ ပြီးမြောက်ခဲ့ကြောင်း သိရသည်။ (Xinhua)