Connect with us

Videos

ဟွာဝေး(Huawei) 5G နည်းပညာအား စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ပြသ

မက်ဒရစ်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဟွာဝေး(Huawei) 5G နည်းပညာ၏စွမ်းဆောင်မှုအားသာချက်များကို စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် နိုဝင်ဘာ ၅ ရက်က ပြသခဲ့ကြောင်း သိရသည်။ ယင်းပြပွဲသည် 5G နည်းပညာပြသမှု ဥရောပခရီးစဉ်၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

ပြပွဲသို့လာရောက်ကြည့်ရှုသူများက cloud service ၊ ပုံရိပ်ယောင် နည်းပညာ(VR)၊ ဉာဏ်ရည်တုနည်းပညာ(AI) နှင့် စက်ရုပ်စသည်တို့ကို ချိတ်ဆက်သည့် applicationsများကို ကိုယ်တိုင်ခံစား စမ်းသပ်ခဲ့ကြကြောင်း သိရသည်။

စပိန်နိုင်ငံ ဟွာဝေးကုမ္ပဏီ marketing department၏ EMILIO SACRISTANက “ကျွန်တော်တို့အဓိက ရည်ရွယ်တာက လက်တွေ့အသုံးပြုပုံကိုပြသဖို့ပါ။ 5Gနည်းပညာက ကျွန်တော်တို့ရဲ့ မတူညီတဲ့လူမှုအသိုက်အဝန်းကဏ္ဍအသီးသီးနဲ့ စီးပွားရေးကဏ္ဍမှာ အားကောင်းသက်ရောက်မှုရှိတဲ့စွမ်းရည်တွေကို လက်တွေ့ကျကျ အသုံးပြုနိုင်မယ့် အလားအလာတွေအများကြီး ရှိပါတယ် ” ဟု ဆိုပါသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.