Connect with us

Videos

တရုတ်နိုင်ငံ မှ အဝေးထိန်းအာရုံခံစနစ်ပါသည့် ဂြိုလ်တုသစ်များ လွှတ်တင်

ထိုင်ယွမ်၊ ဇန်နဝါရီ ၁ဝ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အဝေးထိန်းအာရုံခံစနစ်ပါသော စွမ်းရည်မြင့်ဂြိုလ်တု တစ်စုံကို တရုတ်နိုင်ငံမြောက်ပိုင်း ရှန်စီပြည်နယ် ရှိ ထိုင်ယွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ ဇန်နဝါရီ ၉ ရက်တွင်လွှတ်တင်ခဲ့ကြောင်း သိရသည်။

SuperView-1 03/04 အမည်ရှိ ဂြိုလ်တု ၂လုံးကို Long March 2D ဒုံးပျံ၏ကျောပေါ်တွင် တင်ဆောင်၍ ပေကျင်းစံတော်ချိန် နံနက် ၁၁း၂၄နာရီတွင် လွှတ်တင်ခဲ့ကြောင်း စင်တာ၏ပြောကြားချက်အရသိရသည်။

အဆိုပါ လွှတ်တင်မှုသည် တရုတ်နိုင်ငံ၏ အဝေးထိန်းအာရုံခံစနစ်ပါသော စွမ်းရည်မြင့်ဂြိုလ်တု စီးပွားဖြစ်အသုံးပြုမှုအား မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါဂြိုလ်တုများသည် ဝ.၅မီတာ ကြည်လင်ပြတ်သားမှုအထိ မြင့်မားသော စီးပွားဖြစ် ဓါတ်ပုံများကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး ကမ္ဘာအနှံ့မှ ဖောက်သည်များကို အဝေးထိန်းအာရုံခံဒေတာများကို ဖြည့်ဆည်းပေးနိုင်မည်ဟု ခန့်မှန်းထားကာ ကုန်းမြေ နှင့် သဘာဝအရင်းအမြစ်များ စစ်တမ်းကောက်ယူမှု၊ မြေပုံရေးဆွဲခြင်း၊ သဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့်မှု၊ အင်တာနက်လုပ်ငန်းအပါအဝင် ငွေကြေး နှင့် အာမခံလုပ်ငန်းများအတွက် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂြိုလ်တုများကို တရုတ်နိုင်ငံ လေကြောင်းအာကာသသိပ္ပံ နှင့် နည်းပညာကော်ပိုရေးရှင်းမှ ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

ယခုလွှတ်တင်မှုသည် ၂၀၁၆ခုနှစ် ဒီဇင်ဘာ တွင် SuperView-1 01/02 လွှတ်တင်မှုပြီးနောက် ကော်ပိုရေးရှင်း၏ ဒုတိယမြောက် အဝေးထိန်းအာရုံခံစနစ်ပါသော ဂြိုလ်တုလွှတ်တင်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.