Connect with us

Videos

ပထမဆုံး အကြိမ် တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား အဆင့်မြင့်ကိုယ်စားလှယ်အဆင့်ဆွေးနွေးပွဲ

ဆိုးလ် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်အဆင့် နှစ်နိုင်ငံအစိုးရအကြား ပထမဆုံး အကြိမ် ဆွေးနွေးပွဲကို နယ်စပ်ရွာလေး ပန်မွန်ဂျုံရွာ (Panmunjom)၌ ယနေ့( ဇန်နဝါရီ ၉ ရက်) တွင် စတင်ကျင်းပခဲ့သည်။ တောင်ကိုရီးယား နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ယနေ့ကျင်းပ ပြုလုပ်ခဲ့သည့် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ အဆင့်မြင့် အစည်းအဝေး တွင် မြောက်ကိုရီးယား နိုင်ငံ က တောင်ကိုရီးယား နိုင်ငံ တွင်ကျင်းပ သည့် Pyeongchang ဆောင်းရာသီ အိုလံပစ် သို့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ၊ အားကစား အဖွဲ့ နှင့် အောင်နိုင်ရေး အဖွဲ့ စေလွှတ်ရန် သဘောတူညီ လိုက်ကြောင်း သိရှိရသည်။ အစည်းအဝေး တွင် တောင်ကိုရီးယား နိုင်ငံ က ဖေဖော်ဝါရီ လတွင် ကျရောက်မည့် ရိုးရာနှစ်သစ်ကူးပွဲ ၌် ကွဲကွာနေသည့် မိသားစုများ ပြန်လည် တွေ့ဆုံ နိုင်ရန် အတွက် ကြက်ခြေနီ အဖွဲ့ အစည်းအဝေး တစ်ရပ် ကျင်းပ ရန်လည်း အဆိုပြု ခဲ့သည်။ ထို့ပြင် တောင်ကိုရီးယား နိုင်ငံ က မြောက်ကိုရီးယား နိုင်ငံ နှင့် စစ်ဘက်ဆိုင်ရာ အစည်းအဝေး ကျင်းပခြင်းဖြင့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းကို ကာကွယ်ရန် အကြံပြုခဲ့သည်။ အဆင့်မြင့် အစည်း အပြီး တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ တို့မှ ဆွေးနွေးမှု ရလဒ် ပူးတွဲသတင်းထုတ်ပြန်ချက် မူကြမ်း ကို အပြန်အလှန် လဲလှယ် ခဲ့ကြပြီး ဆက်လက်၍ မူကြမ်းအား အသေးစိတ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနဝန်ကြီး Cho Myoung-gyon ဦးဆောင်သော အဖွဲ့ဝင် ၅ ပါ တောင်ကိုးရီးယား ကိုယ်စားလှယ်အဖွဲ့ နှင့် အဖမြေငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ Ri Son-gwon ဦးဆောင်သော အဖွဲ့ဝင် ၅ ဦးပါ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တို့သည် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် နှစ်ဖက် ဆွေးနွေးပွဲကို စတင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.