Videos
တရုတ်နိုင်ငံ သွန်းဟွမ်မြို့၌ တိုးတက်လာသော ခရီးသွားလုပ်ငန်း
ကန်းစု ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်ရှိ သွန်းဟွမ်(Dunhuang)မြို့ရှိသဲကန္တာရအတွင်း အိုအေစစ် နေရာ တစ်ခု ဖြစ်သည့် Crescent Spring ကို မတ် ၂၇ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် တစ်ရက်လျှင် ခရီးသွား ဦးရေ ၁၀,၀၀၀ ကျော် လာရောက်နေကြောင်းသိရသည်။
COVID-19 ကပ်ရောဂါကြောင့် ပိတ်သိမ်းခဲ့သည့် Dunhuang ညဈေးကိုလည်း ဧပြီ ၃၀ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။အဆိုပါ ညဈေး ပြန်လည်ဖွင့်လှစ်လိုက်ကတည်းက ခရီးသွား ဦးရေ အမြောက်အမြား လာရောက်ခဲ့ကြသည်။
UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နှစ်ပေါင်း ၁၆၅၀ သက်တမ်းရှိ Mogao Grottoes အား မေ ၁၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ စတုရန်းမီတာ ၄၅,၀၀၀ ရှိသော နံရံဆေးရေးပန်းချီများ နှင့် ပန်းပုရုပ်ပေါင်း ၂,၀၀၀ ကျော် ရှိသည့် သာယာလှပသော နေရာတစ်ခု ဖြစ်ရာ တစ်ရက်လျှင် ခရီးသွား ၉,၀၀၀ ဝန်းကျင် လာရောက်လည်ပတ်ကြသည်။ (Xinhua)