Connect with us

Videos

တရုတ်နိုင်ငံ ၏ ခေတ်ရှေ့ပြေး တီထွင်ဖန်တီးမှုများ

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)
– ကားပါကင်နေရာအတွက် အခက်အခဲရှိနေသလား? အလိုအလျောက်ပါကင်ထိုးပေးနိုင်မည့် စက်ရုပ်က သင့်ကိုကူညီပေးပါလိမ့်မယ် ။ အဆိုပါစက်ရုပ်က သင့်ကားကို ၂ မိနစ်အတွင်း ပါကင်ထိုးပေးသွားမည်ဖြစ်သည်။
– တရုတ်နိုင်ငံထုတ် ပထမဆုံးလုံးခြုံရေးစက်ရုပ် ။ အလေးချိန် ၇၈ ကီလိုသာရှိပြီး ၁နာရီကို ၁၈ကီလိုမီတာနှုန်းသွားလာနိုင်သည်။ ကင်းလှည့်ခြင်းကို အလိုအလျောက်ဆောင်ရွက်နိုင်သကဲ့သို့ အကြမ်းဖက်မှုများ မဖြစ်ပွားစေရန် ကာကွယ်နိုင်စွမ်း ရှိသည်။
– ကွေးနိုင်ဆန့်နိုင်သည့် စမတ်ဖုန်း။ ဂရပ်ဖင်းဖြင့် ပြုလုပ်ထားသည့် တီထွင်ဖန်တီးမှုဖြစ်သည်။ လက်ပတ်နာရီကဲ့သို့ကွေးနိုင်ဆန့်နိုင်သည်။
– တရုတ်နိုင်ငံထုတ် ပထမဆုံး မီးသတ်အင်ဂျင်သုံး water jet ။ water jet က သံနှင့် သံမဏိများကို ပင်ဖြတ်နိုင်သည် ။ ကွန်ကရိ ပိုက်များ နှင့် စတီးတံခါးများကိုပင်ဖြတ်နိုင်သည်။
– တရုတ်နိုင်ငံ၏ ပထမဆုံး တုံ့ပြန်နိုင်စွမ်းရှိစက်ရုပ်။ လူသားများနှင့် စကားစမြည်ပြောဆိုနိုင်သည့်အပြင် iCloud မှ လည်း မှာယူနိုင်သည်။ အဆိုပါလူတူစက်ရုပ်ကို တည်ဆောက်ရန် အချိန် ၃ နှစ်ယူခဲ့ရသည်။
– ခေတ်မီ သယ်ယူပို့ဆောင်နိုင်သည့် ဘတ်စ်ကား။ အခြားကားများပေါ်မှ အလိုအလျောက်မောင်းနှင် နိုင်သည်။ အဝေးပြေးလမ်းများတွင်လည်း ယာဉ်ကြောပိတ်ဆို့မှုများအတွက် စိုးရိမ်စရာမရှိဘဲ အမြန်နှုန်းဖြင့်မောင်းနှင်နိုင်သည်။ လက်ရှိတွင် ပုံစံ၁ခုသာ ရှိသေးသည်။ သြဂုတ်လတွင် လက်တွေ့အသုံးပြုနိုင်ရန်မျှော်လင့်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.