Connect with us

Videos

တရုတ်နှင့် ရုရှား ပူးပေါင်းဆောင်ရွက်ခြင်း တိုးမြှင့်ရန် သဘောတူ

စိန့် ပီတာဘာ့ခ်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နယ်စပ်ဒေသအား ငြိမ်းချမ်းစွာ ကာကွယ်ရေး စသည်တို့ တိုးမြှင့် လုပ်ဆောင်ရန်အတွက် နိုဝင်ဘာလ ၇ ရက်တွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ လီခဲ့ချန်နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမင်ထရီ မက်ဗီဒက်ဗ် တို့ တွေ့ဆုံပြီးနောက် ကျယ်ပြန့်သော သဘောတူညီချက် တစ်ခု ရရှိခဲ့ကြောင်း သိရသည်။

တရုတ်နှင့် ရုရှားနိုင်ငံသည် အကြီးမားဆုံး အိမ်နီးချင်းနိုင်ငံများ ဖြစ်သလို ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကျယ်ပြန့်သော မိတ်ဖက် ဆက်ဆံရေးများဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးရေး ရေရှည်တည်တံ့ခြင်း၊ တည်ငြိမ်ခြင်းနှင့် ခိုင်မာသော ပုံစံများ တည်ရှိခဲ့ပြီး ဖြစ်ပြီး ဆက်လက်၍ အသီးအပွင့်များ တည်ရှိနေနိုင်ရန် မက်ဗီဒက်ဗ် နှင့် တွေ့ဆုံစဉ် လီက ပြောကြားခဲ့သည်။

လီခဲ့ချန်သည် ရုရှားနိုင်ငံသို့ နိုဝင်ဘာလ ၆ ရက်က ရောက်ရှိခဲ့ပြီး ၂၁ ကြိမ်မြောက် တရုတ်-ရုရှား ဝန်ကြီးချုပ်များ ပုံမှန် အစည်းအဝေး တက်ရောက်ရန်နှင့် တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

တရုတ် ဝန်ကြီးချုပ် လီသည် နိုဝင်ဘာလ ၈ ရက်တွင် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်နှင့် မော်စကိုမြို့၌ တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

စိန့် ပီတာဘာ့ခ် သို့ရောက်ရှိနေစဉ်အတွင် လီသည် ဝန်ကြီးချုပ် ဒီမင်ထရီ မက်ဗီဒက်ဗ် နှင့်အတူ Hermitage Museum နှင့် Piskariovskoye အမှတ်တရဂူဗိမာန်တို့ကိုသွားရောက်လည်ပတ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.