Connect with us

Videos

တရုတ်နှင့် လတ်ဗီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

ရီဂါ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်သည် နိုဝင်ဘာလ ၄ ရက်နေ့က လတ်ဗီးယားနိုင်ငံ သို့ ပထမဆုံးအကြိမ်တရားဝင်အလည်အပတ်ခရီးရောက်ရှိခဲ့သည်။ ဝန်ကြီးချုပ် လီသည် တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အပြင် နိုဝင်ဘာလ ၅ ရက်တွင် ပြုလုပ်မည့် 16+1 (တရုတ်နှင့် ဥရောပ အလယ်ပိုင်း၊ အရှေ့ပိုင်းနိုင်ငံများ) မူဘောင် အစည်းအဝေး တက်ရောက်ရန်အတွက်ပါ ဘော်လ်တစ်နိုင်ငံများသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် လီအား လတ်ဗီးယားနိုင်ငံဝန်ကြီးချုပ် Maris Kucinskis ကလည်း ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။ အခမ်းအနားပြီးနောက် ခေါင်းဆောင်နှစ်ဦးတို့ရင်းနှီးစွာဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ စာချုပ်များလက်မှတ်ရေးထိုးပွဲအခမ်းအနားကိုတက်ရောက်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်လီသည် လတ်ဗီးယား သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ပြီး နယ်ပယ်များစွာ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ ကတိပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.