Connect with us

Videos

တရုတ်နှင့် ဥရောပ အလယ်ပိုင်း၊ အရှေ့ပိုင်းနိုင်ငံများပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည်

ရီဂါ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က လတ်ဗီးယားနိုင်ငံ ရီဂါ တွင် ကျင်းပပြုလုပ်သည့် ငါးကြိမ်မြောက် တရုတ် နှင့် ဥရောပအလယ်ပိုင်း၊အရှေ့ပိုင်းနိုင်ငံများညီလာခံတွင် 16+1 (တရုတ်နှင့် ဥရောပ အလယ်ပိုင်း၊ အရှေ့ပိုင်းနိုင်ငံများ) ပူးပေါင်းဆောင်ရွက်ရေးကိုပိုမိုးတိုးမြှင့်ဆောင်ရွက်သွားရန်အဆိုပြုခဲ့သည်။

လီက လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း 16+1 ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များပိုမိုထိရောက်ခဲ့ကြောင်း အကျိုးအမြတ်ကောင်းများစွာကိုလည်းရရှိခဲ့ကြောင်း၊ ထိုသို့ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် ကဏ္ဍ ၄ ခု ကို အဆိုပြုခဲ့သည်။

ထို့အပြင် ဝန်ကြီးချုပ်လီက ၆ ကြိမ်မြောက် တရုတ်နှင့် ဥရောပ အလယ်ပိုင်း၊ အရှေ့ပိုင်းနိုင်ငံများဖိုရမ်တွင် နှုတ်ခွန်းဆက်စကားပြောကြားရာ တရုတ်နိုင်ငံနှင့် ဥရောပ အလယ်ပိုင်း၊ အရှေ့ပိုင်းနိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုမှာ ကောင်းမွန်သောအသီးအပွင့်များကို ခံစားခဲ့ရကြောင်း ဆက်လက်ပြီးပိုမိုတိုးမြှင့်ကာ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်းစသဖြင့်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.