Videos
တရုတ်ပြည်သူ့သမ္မတနိုင်ငံငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း နှင့် အလင်းရောင်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး
ရန်ကုန်၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ သည် သြဂုတ်လ ၅ ရက်နေ့ က ရန်ကုန်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီရုံး သို့သွားရောက် ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုး နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။ တွေဆုံ ဆွေးနွေးမှု အပြီး တွင် ဝန်ကြီး မစ္စတာ ဆုန့်ထောင်း နှင့် ဥက္ကဋ္ဌ ဦးခင်မောင်စိုး တို့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း နှင့် အလင်းရောင်ဖောင်ဒေးရှင်း ၂၀၁၈-၂၀၂၀ ခုနှစ် အတွင်း ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့တက်ရောက် ခဲ့ကြသည်။
မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ သည် သြဂုတ်လ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ရန်ကုန်မြို့ ရှိ Chatrium ဟိုတယ် တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးမှု အပြီးတွင် မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ၌ ဆေးဝါးကုသမှု ခံယူနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ နာယက ဦးတင်ဦး အား သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။(Xinhua)