Videos
တရုတ်မြေအောက်ရထားဘူတာရုံတွင် ခရီးသည်များ၏ မျက်နှာအား မှတ်သည့်လုံခြုံရေးစနစ် စမ်းသပ်
ချုံကျင်း၊ ဇန်နဝါရီ (13) ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ချုံကျင်း စည်ပင်သာယာနယ်နိမိတ်တွင် နည်းပညာ ကုမ္ပဏီတစ်ခု မှ ရထား ဘူတာများတွင် ခရီးသည်များ၏ မျက်နှာအားမှတ်တမ်းထားသည့် လုံခြုံရေး စနစ်အား တပ်ဆင်ခဲ့သည်။
ထိုစနစ် အားအသုံးပြုရန် အချိန် ၁စက္ကန့် သာ ကြာမြင့် ပြီး ခရီးသည်များ ၏ သက်သေခံကတ်ပြား (ID) ကတ်မှာ ပါသော ဓါတ်ပုံအား ကတ်ပြားပိုင်ရှင်၏ မျက်နှာဟုတ်မဟုတ် စစ်ဆေးပေးခြင်း ဖြစ်သည်။ စက်အသုံးပြုပုံမှာ စက်ထဲသို့ ID ကတ်အား ထည့်သွင်းရကာ မျက်နှာအား ကင်မရာ ရှေ့တွင်ထား၍ စစ်ဆေးခံရခြင်း ဖြစ်သည်။ ID နှင့် ကိုက်ညီမှုမရှိပါ က စက် ချက်ချင်း တုံ့ပြန် ပေးနိုင်သည်။ စွမ်းအားမြင့် processor အားအသုံးပြုထားသော ကြောင့် ၉၉.၅ ရာခိုင်နှုန်း အောင်မြင်နေပြီ ဖြစ်သည်။
၎င်း စနစ်အား တရုတ်နိုင်ငံ အနောက်ပိုင်းမြို့တော် ရှိ ရထား ဘူတာတွင် ယခုလ အစောပိုင်း က စမ်းသပ် အသုံးပြုနေပြီဖြစ်ပြီး အခြား မြို့များရှိ ဘူတာရုံများ နှင့် လေဆိပ် တို့တွင် တိုးမြှင့် တပ်ဆင်ရန်အတွက် ရည်ရွယ်ထားကြောင်းသိရသည်။ အဆိုပါ ခရီးသည်များ၏ မျက်နှာအား မှတ်သည့်လုံခြုံရေးစနစ် သည် ရာဇဝတ်သား များအား ခြေရာခံနိုင်ရန်အတွက်နှင့် အွန်လိုင်းမှ ငွေပေးချေခြင်း စသည့် လုပ်ငန်းများအတွက်လည်း များစွာ အသုံးဝင်မည်ဟုမျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)