Connect with us

Videos

တရုတ်ရိုးရာ တိုင်းရင်းဆေးကုထုံးများကို နယူးယောက်တွင် လူကြိုက်များ

နယူးယောက်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)
တရုတ်ရိုးရာ အပ်စိုက်ကုထုံး၊ စုပ်ခွက်ကုထုံး နှင့် နှိပ်နယ်ခြင်းကုထုံး တို့သည် အမေရိကန်ပြည်ထောင်စု၊

နယူးယောက်မြို့တွင် တဖြေးဖြေး လူကြိုက်များလာပြီဖြစ်သည်။ ယခုအခါ အာရှတိုက်ရှိ

ဝေဒနာသည်များ သာမက အမေရိကတိုက်ရှိအခြားလူမျိုး ဝေဒနာသည်များကပါ

တရုတ်ရိုးရာတိုင်းရင်းဆေးကို တဖြေးဖြေး စိတ်ဝင်စားလာကြပြီဖြစ်သည်။
ဒေါက်တာ မာ သည် ၁၉၉၉ ခုနှစ်ကတည်းက နယူးယောက်မြို့ Grand Central Terminal အနီး ရှိ

တရုတ်ရိုးရာတိုင်းရင်းဆေးခန်းကိုဖွင့်လှစ်ထားသူ ဖြစ်သည်။
လာရောက်ကုသမှုခံယူသူများသည် နာကျင်မှုများကို သက်သာစေရုံ ကုသမှုခံယူကြရုံ သာမက

အချို့လူနာများမှာ ၎င်းတို့၏ ရောဂါများကို ကုသရန်အတွက် တရုတ်ရိုးရာတိုင်းရင်းဆေးကို

ရွေးချယ်လာကြပြီဖြစ်သည်ဟုဆိုသည်။ အထူးသဖြင့် တရုတ်ရိုးရာ တိုင်းရင်းဆေးဖြင့်

ကြွက်သားနာကျင်မှုများ၊ ညဘက် အိပ်မပျော်သည့် ဝေဒနာများနှင့် စိတ်ကစဉ့်ကလျားဖြစ်ခြင်းများကို

လာရောက်ကုသမှုခံယူကြသူများပြားကြောင်းသိရသည်။
တရုတ်ရိုးရာတိုင်းရင်းဆေးဝါးသည် တဖြေးဖြေးလူကြိုက်များလာသည့်အတွက် အမေရိကန်နိုင်ငံရှိ

လူငယ်အချို့က ထိုလုပ်ငန်းကို အသက်မွေးမှုလုပ်ငန်းအသွင်ပြောင်းလဲလုပ်ကိုင်လာကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.