Connect with us

Videos

တရုတ်လူမှုမီဒီယာတွင် လူသန်းပေါင်းများစွာ ၏ အားပေးချစ်ခင်မှုကို ရရှိနေသည့် အသက် ၅ နှစ်အရွယ် စားပွဲတင်တင်းနစ်ကြယ်ပွင့်လေး

ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)

အသက် ၅ နှစ်ကျော်ရှိပြီဖြစ်သည့် သမီးငယ်လေး Li Yiyi သည် စားပွဲတင်တင်းနစ်အားကစားကို စတင်ကစားခဲ့သည်မှာ အချိန် တစ်နှစ်ကျော်ကြာပြီဖြစ်သည်။ တရုတ်နိုင်ငံ ရှိ လူမှု ကွန်ရက်စာမျက်နှာများတွင် သမီးငယ်လေး Li တစ်ယောက်ငိုယိုကာ စားပွဲတင် တင်းနစ် ကစားနေသည့် video ဖိုင်ကို မြင်တွေ့ရာမှ လူသန်းပေါင်းများစွာက သမီးငယ်လေးအပေါ် ချစ်ခင်သနားပြီး အားပေးလာခဲ့ကြသည်။ 

Li Yiyi ၏ နည်းပြ က “ အခြားကလေးတွေနဲ့ စာရင် li က ဒီအားကစားကို အရမ်းစိတ်ဝင်စားသူပါ။ သူ့ရဲ့ထူးခြားတဲ့ ဇွဲလုံ့လ က ပဲ သူ့ကို ရှေ့တန်းရောက်စေတာပါ” ဟုပြောကြားခဲ့သည်။

Li Yiyi ၏ မိခင် ဖြစ်သူက “ သမီးဖြစ်သူက စားပွဲတင်တင်းနစ်ကို စတင် လေ့လာတော့ ပိုမို သန်မာလာပြီး ကျန်းမာရေးလည်းကောင်းလာခဲ့ပါတယ်” ဟုဆိုသည်။ 

Li Yiyi ၏ ဆရာမ က “သူဘယ်လောက်ပဲ သူ့အမေကိုလွမ်းလွမ်း ဘယ်တော့မှ လူရှေ့သူရှေ့မှာ မငိုတတ်ဘူး။ သူက ကျွန်မကို သူ့မျက်လုံးထဲမှာ ရေတွေ ရှိတယ်ဆိုပြီးပြောတတ်ပေမဲ့ ဘယ်တော့မှ မျက်ရည်တော့ အကျမခံပါဘူး။ အဲဒီအချိန်မှာ ဒီကလေးမလေးဟာ စိတ်ဓါတ် မာကျောသူတစ်ယောက် ဖြစ်တယ်ဆိုတာကို ကျွန်မ သတိထားမိခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

သတင်းထောက်က Li Yiyi ကို “သမီးအခု စားပွဲတင်တင်းနစ်ကစားရတာ ဘယ်လိုနေလဲ” လို့ မေးလိုက်တဲ့အခါမှာတော့ Li လေးက “သမီးကစားရတာ အဆင်ပြေပါတယ်” လို့ဖြေကြားခဲ့သည်။

“သမီးရဲ့ အနာဂတ်ရည်မှန်းချက်က ဘာလဲ” လို့ မေးရာ “သမီး အိုလံပစ် အားကစား ချန်ပီယံ တစ်ယောက်ဖြစ်ချင်တယ်” လို့ ပြောကြားခဲ့သည်။ 

စားပွဲတင် တင်းနစ်အားကစားက  လွယ်ကူတဲ့ အားကစားတော့မဟုတ် ကြောင်း၊  တစ်ခါတစ်ရံ ပျင်းဖို့ ကောင်းကြောင်း၊ ဒီအားကစားကို ကစားမယ်ဆိုရင် အလေ့အကျင့်များများရှိရန်နှင့်  စိတ်ရှည်သည်းခံနိုင်မှု များများရှိရန်လိုအပ်ကြောင်း၊ အခြေခံ ကစားကွက်ကိုပဲ နေ့စဉ်နေ့တိုင်း ထပ်တလဲလဲလေ့ကျင့်ရ ကြောင်း သိရသည်။

Li Yiyi ၏ မိခင် ဖြစ်သူက  “ သမီး ကို အခွင့်အရေးရှိမယ်ဆိုရင် အနာဂါတ်မှာ အားကစားသမားကောင်းတစ်ယောက်ဖြစ်စေချင်ပါတယ်။ တကယ်လို့ အဲဒီလို မဟုတ်ဘူးဆိုရင်တောင်  သူဟာ စားပွဲတင်တင်းနစ်ကို ဝါသနာအလျောက် ကစားနေဦးမှာပါ။ သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းအနေနဲ့ ကစားနေဦးမှာပါ” ဟု ပြောကြားခဲ့သည်။ 

တရုတ်လူမှုမီဒီယာတွင် လူသန်းပေါင်းများစွာ ၏ အားပေးချစ်ခင်မှုကို ရရှိနေသည့် စိတ်ဓါတ်ကြံ့ခိုင်သည့် သမီးငယ်လေး Li Yiyi တစ်ယောက် ၎င်း အနာဂတ်ရည်မှန်းချက်အတိုင်း အိုလံပစ် အားကစားချန်ပီယံ ခရီးလမ်း ကိုဆက်လက် လျှောက်လှမ်းနေတော့မည်ပင်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.