Connect with us

Videos

တရုတ်ဝန်ကြီးချုပ်လီခဲ့ချန် ဂျာမနီနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီးရောက်ရှိ

ဘာလင်၊ ဇွန် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်သည် ဂျာမနီနိုင်ငံဘာလင်မြို့သို့ မေလ ၃၁ ရက်နေ့ တွင် ချစ်ကြည်ရေးအလည်အပတ်ခရီးအဖြစ်ရောက်ရှိခဲ့သည်။ ဝန်ကြီးချုပ်လီသည် ဂျာမနီနိုင်ငံဝန်ကြီးချုပ် မာကယ် နှင့်အတူ ၂ဝဝ၄ ခုနှစ်ကတည်းက ကျင်းပခဲ့သည့် ၂ နိုင်ငံ ခေါင်းဆောင်များအကြားကျင်းပမြဲဖြစ်သည့် နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။ ၎င်း၏ ခရီးစဉ်အတွင်းဝန်ကြီးချုပ်လီနှင့်ဝန်ကြီးချုပ် မာကဲလ်တို့သည် တွေ့ဆုံဆွေးနွေးမှုများစွာပြုလုပ်ရန်ရှိပြီး နှစ်နိုင်ငံ သဘောတူစာချုပ်များချုပ်ဆိုသွားရန်ရှိသည့်အပြင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟုလည်းသိရသည်။ထို့အပြင် ၂နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအချင်းချင်းပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲ ဖိုရမ်များကိုလည်းတက်ရောက်မည်ဟုသိရသည်။ ဝန်ကြီးချုပ်လီသည် ဂျာမနီ နိုင်ငံသမ္မတ Frank-Walter Steinmeier နှင့်လည်းတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။ ဝန်ကြီးချုပ်လီ၏ ဥရောပနိုင်ငံများ ၃ ရက်ကြာခရီးစဉ်တွင် ပထမဆုံးနိုင်ငံအဖြစ်ဂျာမနီနိုင်ငံကို သွားရောက်ခြင်းဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံကို ဆက်လက်ထွက်ခွါမည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.