Connect with us

Videos

တရုတ်သံအမတ်ကြီး ဦးဆောင်၍ တရုတ်ဆည်မြောင်း ပညာရှင်များ မြန်မာနိုင်ငံ မြစ်ကြောင်း အခြေအနေများ လေ့လာ

ရန်ကုန် ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်၍ တရုတ်နိုင်ငံမှ ရေအရင်းအမြစ် ဆိုင်ရာ ပညာရှင်များအဖွဲ့သည် မြန်မာနိုင်ငံတွင် အနာဂတ် ရေဘေး အန္တရာယ် ကာကွယ်ရေးနှင့် လယ်ယာ စိုက်ပျိုးရေး ထွန်းကားရေးကို အထောက်အကူပြုရန် အတွက် ဧရာဝတီ မြစ်ကြောင်း တလျှောက် ရေစီးဆင်းမှုနှင့် ရာသီဥတု ဆိုင်ရာ လက်ရှိ အခြေအနေများကို စေ့စပ်စွာ လေ့လာ စစ်ဆေးရန် အောက်တိုဘာ ၇ ရက်နေ့တွင် စတင်၍ ရန်ကုန်တိုင်း ဒေသကြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ အဖျောက် ရေလမ်းကြောင်းနှင့် တာတမံသို့ သွားရောက် လေ့လာခဲ့ကြသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း အဖျောက် တာတမံသို့ ရောက်ရှိစဉ် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်နှင့် ဆည်မြောင်း ရေးရာ တာဝန်ရှိသူများက မြစ်ကြောင်းနှင့် တာတမံ အခြေအနေများ အစရှိသည်တို့ နှင့်ပတ်သက် ၍ ရှင်းလင်း ပြသခဲ့ပြီး ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ခဲ့ကြသည်။
ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ရေဘေးအန္တရာယ် ကာကွယ်နိုင်စွမ်း မြှင့်တင်ရန် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကိုလည်း မြှင့်တင်ရန် မျှော်လင့်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဆင်ဟွာသို့ အခုလိုပြောကြားခဲ့သည်။

သံအမတ်ကြီး (Sound Bite)
မြစ်ဝကျွန်းပေါ် ဒေသများတွင် တာတမံများ အရေးပေါ် ရေဘေးကာကွယ်ရေး လုပ်ငန်းများအပြင် ရေတို/ရေရှည် စီမံကိန်းများဖြင့် တရုတ်နိုင်ငံမှ ပူးပေါင်းကူညီဆောင်ရွက်မှုများ ပြုလုပ်သွားဖြစ်သည့် အကြောင်းအရာနှင့်စပ်လျဉ်းပြီး လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်က ဆင်ဟွာ သို့ အခုလိုပြောကြားခဲ့သည်။
ဦးခင်ဇော် (Sound Bite)
ရန်ကုန်တိုင်း ဒေသကြီး ၊ ပဲခူးတိုင်း ဒေသကြီး ၊ ဧရာဝတီတိုင်း ဒေသကြီး များ အတွင်းရှိ မြစ်ဝကျွန်းပေါ် ဒေသများတွင် တာတမံ ၁၅ ခု ၊ အရှည်မိုင် အားဖြင့် ၄၆၈ မိုင်တွင် အရေးပေါ် ရေဘေးကာကွယ်ရေး လုပ်ငန်းများအတွက် တရုတ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၃၈.၄ သန်းဖြင့် ကူညီ ဆောင်ရွက်မည့် အပြင် ရေရှည် စီမံချက်ဖြင့် မြစ်ကြောင်း ထိန်းသိမ်းခြင်း ၊ ကျွမ်းကျင် ပညာရှင်များ မွေးထုတ်ပေးရေး အပါအဝင် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ် လုပ်ဆောင်သွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.