Connect with us

Videos

တရုတ်အများပြည်သူ သံတမန်ရေးရာ အဖွဲ့အစည်းမှ မြန်မာနိုင်ငံရှိ မျက်စိ အတွင်းတိမ် လူနာများအား အခမဲ့ခွဲစိတ် ပေးမည်

ရန်ကုန် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ သံတမန်ရေးရာ အဖွဲ့အစည်း (China Public Diplomacy Association) မှ မြန်မာ နိုင်ငံ ဝိသာခါ ဖောင်ဒေးရှင်းနှင့် ပူးပေါင်းကာ မြန်မာ နိုင်ငံရှိ မျက်စိ အတွင်းတိမ် လူနာ ၂၀၀ ဦးအား အခမဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၁၉ ရက်တွင် ပြုလုပ်သော ကြိုဆိုပွဲတွင် သိရှိခဲ့ရပါသည်။
ကြိုဆိုပွဲတွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ယာယီ တာဝန်ခံ မစ္စတာ ချန်းချန်၊ တရုတ် နိုင်ငံ အများပြည်သူ သံတမန်ရေးရာ အဖွဲ့အစည်း ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဟူကျိန်ရွဲ နှင့်
မြန်မာ နိုင်ငံ ဝိသာခါ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမင်းသစ် တို့မှ တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် ယခုကဲ့သို့ဆောင်ရွက်ရခြင်းအပေါ်
ဂုဏ်ယူ ဝမ်းမြောက်ကြောင်း အသီးသီးပြောကြား ခဲ့ပါသည်။
ထို့နောက်တွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ ဝိသာခါ ဖောင်ဒေးရှင်း ထံသို့ အလှူငွေကျပ် သိန်း ၂၀ အား ပေးအပ်ခဲ့ပြီး အပြန်အလှန် အမှတ်တရ ပစ္စည်းများ ပေးအပ် ခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.